အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်းထုတ် ချက်ချင်း အရေးယူဆောင် ရွက်ရန်အချိန်တန်ပြီဖြစ်ကြောင်း  ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က အသိပေးထုတ်ပြန်ပါတယ်။  

မြန်မာပြည်သူလူထုအပေါ် စစ်ကောင်စီကကျူးလွန်နေတဲ့  လူ့အခွင့်အရေးချိုးဖောက်မှုများ အမြန်ဆုံးရပ်တန့်ဖို့ စစ်ကောင်စီကို အရေးယူနိုင်ရေး ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ (၇၆)ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က တောင်းဆိုလိုက်တာပါ။

အာဏာသိမ်း စစ်ကောင်စီ၏ လေးနှစ်နီးပါးကြာ အုပ်ချုပ်မှုကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှုန်း ပိုမိုမြင့်လာကာ ပြည်သူလူထုအပေါ် နည်းလမ်းမျိုးစုံဖြင့် နိုင်ငံတကာလူ့အခွင့်အရေးများကို အများဆုံး ချိုး ဖောက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဟာ စစ်ကောင်စီသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်ခြင်း၊ ဘာသာရေး ဘုရားကျောင်း ဆောင်များကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းတွေကို နေ့စဉ်ပေါ်ပေါ်တင်တင် ကျူးလွန်တောဟာ စစ်ကောင်စီသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

KHRW ၏ ထုတ်ပြန်ချက်

 ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူမျိုး စုများအပေါ် ကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှု များ၊ နေရပ်စွန့်ခွာထွက်ပြေးစေမှုများအတွက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အပြည် ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC)က ဖမ်းဝရမ်းထုတ်ပေးရန်ရှေ့နေချုပ်က ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်တွင် တရားရုံးသို့လျှောက်ထားခဲ့တာဖြစ်ပါတယ်။

လျှောက်ထားမှုအပြီး နိုင်ငံတကာနဲ့ ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက အာဏာသိမ်းစစ်ခေါင်းဆောင်ကို အမြန်ဆုံးဖမ်း၀ရမ်းထုတ်နိုင်ဖို့ ICC ကို ဆက်တိုက်တောင်းဆို တိုက်တွန်းမှုတွေပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချို၊ တောင်ခမ်းရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံး သုံးလုံးကြဲချ တိုက်ခိုက်

နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာကို စစ်တပ်က လေကြောင်းကနေ အဆိပ်ငွေ့ ဗုံးသုံးလုံးကြဲချ တိုက်ခိုက် ခဲ့တယ်လို့ TNLA က ဒီနေ့ ဧပြီ ၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်တွင် စာမေးပွဲအတွက် စာလုပ်နေသည့် ၁၀ တန်းကျောင်းသား စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူးထံက သိရပါတယ်။
Read More

ရေဦး ပကဖ ဆီ စစ်ကောင်စီရဲ့ ရဲတစ်ဦး လက်နက်နဲ့ အလင်းဝင်၊ ရေဦး ပကဖ က သိန်း ၅၀ ဆုချီးမြှင့်…

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ဆီ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ယောက် လက်နက် ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ကားများကို ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ အရာရှိအပါ ၅ ဦး သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက်၊ စစ်ကိုင်း-မုံရွာ -ရွှေဘိုလမ်းပေါ်မှာ အရပ်သားကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်အဆင့်ရှိသူအပါ အကြမ်းဖက်စစ်သား ၅ယောက်သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒီးမော့ဆိုတွင် စစ်တပ်လက်နက်ကြီး နေအိမ်ပေါ် ကျရောက်မှုကြောင့် အဖေ၊ အမေနှင့် အဘွား သေဆုံးပြီး ကလေးများ ဒဏ်ရာရ ကျန်ရစ်ခဲ့

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိသားစုတစ်ခုရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား လူကြီး ၃ယောက် သေဆုံးကာ ကလေးတွေကတော့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။