ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းနဲ့ ကရင်နီအစပ်က ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင် အရပ်သားတွေ မြို့ထဲ ပြန်ဝင်လာဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခေါ်ဆိုနေတယ်လို့ သိရပါတယ်။
လက်နက်ကြီး၊ လေကြောင်းနဲ့ မြေမြှုပ်မိုင်းအန္တရယ်တွေရှိနေတဲ့ ဖယ်ခုံမြို့ကို အရပ်သားတွေ ပြန်ပြီးဝင်ရောက်လာဖို့ စစ်ကောင်စီက အတင်းအကြပ်ခေါ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ မီဒီယာတွေမှာလည်း ဖယ်ခုံမြို့အရှေ့ဘက်ကမ်းက ပြည်သူတွေ မြို့ထဲပြန်ဝင်လာကြဖို့နဲ့ မဝင်လာရင် တော်လှန်ရေး ထောက်ပို့အဖြစ် သက်မှတ်ကာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး လက်နက်ကြီး နေ့စဥ်ပစ်ခတ်မှာဖြစ်တယ်လို့ ခြိမ်းခြောက်ရေးသားထားပါတယ်။
အဲ့ဒီလိုခြိမ်းခြောက်မှုတွေကြား အိမ်ကို ပစ္စည်းပြန်ယူတဲ့ ဗိုလ်ချယ်(ခ) ပူချယ်ကျေးရွာခံ အမျိုးသားတစ်ယောက်လည်း မြေမြုပ်မိုင်းနင်းမိပြီး ဗိုက်ပွင့်သေဆုံးသွားတယ်လို့ သိရပါတယ်။
“အခုဆိုဖယ်ခုံမြို့ထဲ သူတို့( စကစ) တွေ နေရာယူထားတယ်ပေါ့။ ဒါကြောင့် သူတို့နေတဲ့ နေရာယူထားတဲ့ဆီ ပြည်သူတွေ လာနေဖို့ ခြိမ်းခြောက်တာပေါ့။ ဘယ်ပြည်သူမှလည်း သူတို့နဲ့အတူ မနေချင်ပါဘူး။ နောက်မှာ မြို့မှာ သူတို့ ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေ ရှိတယ်။ ဒါတွေကို တာဝန်ယူတာဝန်ခံမှု ရှိမှာလည်း မဟုတ်ဘူး။ ဒါကိုမှ စစ်ဘေးတိမ်းရှောင်နေရသူတွေကို အခုလို ခြိမ်းခြောက်မှုတွေ လုပ်နေတော့ ပြည်သူလူထုကြား အခက်တွေ့မှုတွေ ရှိနေတာပေါ့။ ” လို့ ဖယ်ခုံဒေသခံ ၁ ယောက်ကမောင်းသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအထိ အ​​ကြမ်းဖက်စစ်ကောင်စီက ဖယ်ခုံမြို့ကို တိုက်ပွဲမဖြစ်ပွားဘဲ နေ့စဥ်နဲ့အမျှ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ရာ နေအိမ်အများအပြားထိခိုက်ပျက်စီးပြီး ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ များပြားခဲ့ပါတယ်။
ဖယ်ခုံမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့- PK Police ကတော့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအောက် ကြေမွပိပြားနေတဲ့ ဖယ်ခုံမြို့ကို ပြန်ဝင်ရောက်ဖို့ စစ်ကောင်စီစည်းရုံးနေမှုအပေါ် ပြည်သူတွေ သတိနဲ့ စဥ်းစားတွေးတောကြဖို့ လိုတယ်လို့လည်း ဆိုထားပါတယ်။
ပုံစာ – ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ၊ ပြည်သူ့ ဆေးရုံကို ပြီးခဲ့တဲ့ မတ်လက ​စစ်ကောင်စီတပ် လေကြောင်းနဲ့တိုက်ခိုက်ခဲ့စဥ်
0 Shares:
You May Also Like
Read More

ခင်ဦးမြို့နယ်မှာ တန်ဆောင်တိုင်အထိမ်းအမှတ် NUG အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပကဖ ရဲဘော်တွေကို အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်တွေကို တွေ့ဆုံပြီး အခြေခံ နိုင်ငံရေးသဘောတရားတွေ၊ ဆုံးမသြဝါဒစကားတွေ ပြောကြားခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

ယောဒေသအတွင်း စစ်ရေးအရှိန် မြှင့်တင်တော့မယ်လို့  YDF ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအခြေပြု ယောကာကွယ်ရေးတပ် (YDF) အနေနဲ့ ယောဒေသအတွင်း မကြာမှီ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်တော့မယ်လို့ YDF ဗဟိုစစ်ရုံးချုပ်က ဒီကနေ့ ဇန်နဝါရီလ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU ရဲ့ ခရိုင်တာဝန်ရှိသူတွေနဲ့ ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP)တို့က စစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ပုလဲမှာ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် အရပ်သား တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ၁သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်ထံက သိရပါတယ်။
Read More

ရန်ကုန်က ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် တော်လှန်ရေးအင်အားစုတွေနဲ့မဆိုင်ဘူးလို့ မြောက်ဥက္ကလာပ ပကဖ ကြိုတင်အသိပေး…

ရန်ကုန်မြို့က လူသိများထင်ရှားတဲ့ ရေကျော်ပွဲစျေး ပေါက်ကွဲမှုဖြစ်ခဲ့ရင် အကြမ်းဖက်စစ်ကောင်စီ လက်ချက်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ မသက်ဆိုင်ဘူးလို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ဘုတလင် သတ်ဖြတ်မှုဟာ မေ့လျော့စရာ မရှိ၊ ဆွေးနွေးစရာ မရှိ

ဘုတလင်မြို့နယ် ပါစီရွာက ဒေသခံတွေကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်က လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကို ပြည်သူတွေအနေနဲ့ မမေ့လျော့ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။