မြန်မာနိုင်ငံရေပိုင်နက်ထဲကို ကျော်လွန်လာတယ်ဆိုပြီး ထိုင်း ငါးဖမ်းလှေကို စစ်ကောင်စီက ဖမ်းဆီးထားမှုအပေါ် ဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထိုင်းအစိုးရကနေ ထုတ်ပြောလာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ရနှောင်းမြို့ကနေ ထွက်ခွာလာတဲ့ ငါးဖမ်းလှေဟာ မြန်မာရေပိုင်နက်ထဲကို ကျော်လွန်လာတယ်လို့ဆိုကာ မြန်မာစစ်တပ်က အဲဒီ ငါးဖမ်းလှေ ၃စီးကို ပစ်ခတ်ခဲ့တာကြောင့် ထိုင်းနိုင်ငံသား ၁ယောက် ရေနစ်သေဆုံးပြီး ၂ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် မြန်မာစစ်တပ်က ထိုင်းနိုင်ငံသား ၄ယောက်နဲ့ မြန်မာအလုပ်သမားတွေ အပါအဝင်စုစုပေါင်း ၃၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာရေပိုင်နက်ထဲ ထိုင်းငါးဖမ်းလှေတွေ ကျူးကျော်ခြင်းရှိမရှိ သတင်းထောက်တွေ မေးမြန်းရာမှာတော့ ထိုင်းဝန်ကြီးချုပ် ပတွန်တန်က “တိတိကျကျ မသိရသေးဘူး၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကြမ်းဖက်မှုကို ကျမတို့ အားမပေးဘူး” လို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ ထိုင်းငါးဖမ်းသမားတစ်ဦး (ဓာတ်ပုံ AFP)

မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကတော့ ထိုင်းငါးဖမ်းသင်္ဘော ပစ်ခတ်ခံရမှုဟာ မြန်မာရေပိုင်နက်ထဲဝင်လာလို့ ဖမ်းဆီးတာသာ ဖြစ်ပြီး လူသေဆုံးမှုမရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ငါးဖမ်းလှေပေါ်မှာ လက်နက်ခဲယမ်းမဟုတ်ဘဲ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ တွေ့ရှိတာကြောင့် စစ်ဆေးနေတယ်လို့လည်း အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ပြောထားပါတယ်။

“ဒီပြဿနာနဲ့ ပတ်သက်ပြီး ထိုင်းရောက်မြန်မာတွေကြားမှာ လှုပ်ခတ်မှု အများကြီးရှိနိုင်ပါတယ်။ အခုက နိုင်ငံတော်အဆင့် ပြောဆိုထားကြတာဆိုတော့ ကျူးလွန်တာကတော့ စကစပဲ ဒါပေမယ့် ထိုင်းနိုင်ငံသားတွေက မြန်မာနိုင်ငံသားတွေအပေါ်  မကျေနပ်တာတွေ ဖြစ်လာတာပေါ့။” လို့ FED အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

တရားမဝင် ငါးဖမ်းမှုကြောင့် ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ AA လွှဲပြောင်းပေး

ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နယ်ခြားစောင့်တပ် (BGB) ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့ နိုင်ငံတွေကြားမှာ ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြော

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရNUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ (Global Democracy Trends) ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနဲ့ သီရိလင်္ကာလုပ်သားတွေကို ကမ္ဘောဒီးယားတွေနေရာမှာ အစားထိုးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးပြော

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်နိမိတ် တင်းမာမှုတွေ ဖြစ်ပွားနေချိန် ထိုင်းကနေ ထွက်ခွာသွားတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေနေရာမှာ အစားထိုးဖို့ မြန်မာလုပ်သား ၄၂၀၀၀ နဲ့ သီရိလင်္ကာလုပ်သား ၁၀၀၀၀ ခန့်ကို ၂ လအတွင်း ခေါ်ယူသွားမယ်လို့ ထိုင်းအနေနဲ့ စီစဉ်နေပါတယ်။
Read More

မင်းအောင်လှိုင်ကို BIMSTEC ညိီလာခံ ဖိတ်ကြားထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကန့်ကွက်

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို BIMSTEC ညီလာခံ ဖိတ်ကြားထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
Read More

မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ စစ်ကောင်စီရော AA ပါ အခွန်ကောက်ခံနေဟု ဘင်္ဂလားဒေ့ရှ်ဆို

“ပထမတော့ စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် မြန်မာအစိုးရက အခွန်ကောက်တယ်။ ဒါပေမယ့် နယ်စပ်ကို အာရက္ခတပ်တော်က ချုပ်ကိုင်ထားတာကြောင့် သူတို့လည်း အခွန်ကောက်တယ်။ ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီကိစ္စကိုင်တွယ်ဖို့ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပါတယ်”
Read More

ကျားဖြန့်မှာ အသုံးပြုသည့် ထောင်ချီတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင်မှာ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေအမြောက်အမြား သယ်ဆောင်လာတဲ့ အမျိုးသားတစ်ယောက်ကို အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။