ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
ကိုပြည့်စုံဦးဟာ သန်လျင်ရေတပ်က ရေတပ်သား ၁ယောက်ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁၊ မတ်လအတွင်းမှာ CDM လုပ်ခဲ့ကာ နိုင်ငံရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့သူပါ။
အဲဒီနောက် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂၇ရက်နေ့မှာ ကိုပြည့်စုံဦးကို စစ်တပ်က ဖမ်းဆီးပြီး တပ်ပြေးပုဒ်မ၊ တမအ ၃၇ (တပ်မတော်အက်ဥပဒေပုဒ်မ ၃၇)၊ တမအ ၃၂ (တပ်မတော်အက်ဥပဒေပုဒ်မ ၃၂) တို့နဲ့ အမှုဖွင့်ခဲ့ကာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ သေဒဏ် အမိန့်ချခံခဲ့ရသူလည်း ဖြစ်ပါတယ်။
အခုတော့ ကိုပြည့်စုံဦးဟာ အင်းစိန်အကျဉ်းထောင်အတွင်း ကျောက်ကပ်ရောဂါ၊ အဆုတ်ရေဝိုင်းရောဂါကို ခံစားရပြီးနောက် ၆လအကြာ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က အင်းစိန်ထောင်အတွင်းမှာပဲ ကွယ်လွန်ခဲ့ပါတယ်။
ကိုပြည့်စုံဦး (အသက်-၃၄နှစ်) ဟာ ထောင်မကျခင်အချိန်က ဘယ်လိုရောဂါအခံမှမရှိဘဲ အင်းစိန်ထောင်ထဲ ရောက်မှသာ အခုလိုရောဂါတွေကို ခံစားခဲ့ရပြီး အသက်သေဆုံးရတာ ဖြစ်တယ်လို့ PPNM က ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
“အကျဉ်းထောင်ထဲမှာ သောက်သုံးရေကလည်း ခဲဓာတ်ပါဝင်မှုများတော့ မူလရောဂါအခံ မရှိသူတွေတောင်မှ ကျောက်ကပ်ရောဂါကို ခံစားကြရတဲ့အခါမျိုးမှာ ဒီရေကို သောက်သုံးနေတာနဲ့ အမျှ ကျောက်ကပ်ပျက်စီးမှုကို ဖြစ်စေတယ်ပေါ့နော်။ ကိုပြည့်စုံဦးကလည်း ထောင်ရောက်ပြီး လွန်ခဲ့တဲ့ ၆လလောက်ကမှ ကျောက်ကပ်ရောဂါကို စတင်ခံစားရတယ်လို့ သိရပါတယ်။” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်အသီးသီးမှာ ၂၀၂၄ ခုနှစ်အတွင်း ထောင်တွင်း လုံလောက်တဲ့ ဆေးဝါးကုသမှုမရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား/သူ ၂၀ ယောက် ထက်မနည်း ရှိခဲ့တယ်လို့ PPNM က ခဒီဇင်ဘာ ၂ ရက်နေ့မှာ ဖော်ပြလာပါတယ်။
ပုံစာ – CDM ရေတပ်သား ကိုပြည့်စုံဦး
အောက်ဖော်ပြပါ လင့်တွေမှာလည်း “မောင်း” ရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
0 Shares:
You May Also Like
Read More

လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်နေ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမကြီးဘေး တိုက်နယ်ဆေးရုံအတွင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်က စစ်ကောင်စီတပ်တွေတပ်စွဲထားရာ ကျောက်တိုင်ကျေးရွာ၊ တိုက်နယ်ဆေးရုံဝန်းအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က အရာရှိအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး စစ်မှုထမ်း အပတ်စဥ် (၉) အတွက် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေ ဖမ်းဆီးခံရမှု ဆက်လက်ဆိုးရွားနေဆဲ ဖြစ်ပြီး စစ်ကောင်စီက တပ်သားသစ်လိုအပ်ချက်အတွက် ​ဖိအားပေးဆောင်ရွက်နေကြောင်း သိရပါတယ်။
Read More

ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု သတိပြု

ဂန့်ဂေါ - ကလေး လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အထူးသတိရှိဖို့ ဂန့်ဂေါမြို့နယ် ပကဖ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း ပြိုင်ထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရ…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ ကြောင်း ပြိုင်ထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အင်းတော်မှာတိုက်ပွဲပြန်ဖြစ်ပြီး တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေ

အင်းတော်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ခုကို တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။