ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အနီးက သီမြစ်လွင်ပြင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အဲဒီ တပ်စခန်း ၄ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်၉ နာရီဝန်းကျင်မှာ ဟာခါးမြို့အနီးက Ruavazung စခန်းကို အရင်ဦးဆုံး သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၁၉ ယောက်ကို အရှင်ဖမ်းဆီးရမိကာ စစ်တပ်ရဲ့ အရာရှိ ၂ယောက်၊ ရဲမှူး ၁ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်ဒေသမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ Umpu Puaknak စခန်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးကာ သေနတ် ၁၂ လက်နဲ့ ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
သိမ်းပိုက်နိုင်ခဲ့တဲ့ တပ်စခန်း ၄ ခုဟာ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Ruavazung စခန်းနဲ့ Nawn Thlawk Bo စခန်းတို့ ဖြစ်ပြီး စစ်တပ်ရဲ့ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ အပါအဝင် သေနတ်၊ ခဲယမ်းနဲ့ ဒရုန်းတွေကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဟားခါး-ထန်တလန်မြို့ကြားက မြန်မာစစ်တပ်စခန်းတွေကို ချင်းပြည်ကောင်စီ တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂၂ ရက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အဲဒီစစ်ဆင်ရေးကို “Jericho” စစ်ဆင်ရေးလို့ နာမည်ပေးထားကြောင်း သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘားအံလာမည့်အတွက် လုံခြုံရေးတိုးမြင့်ပြီး အစစ်ဆေးတင်းကြပ်နေဟုဆို

ကရင်ပြည်နယ်၊ ဘားအံမြို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဆိုသည့်အတွက် လုံခြုံရေးတိုးမြင့်ထားပြီး၊ အစစ်ဆေးလည်းတင်းကြပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ စစ်ကော်မရှင်တပ်သားတွေဟာ ဘားအံမြို့နေရာတော်တော်များများမှာ ကင်းချထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားသလို မြို့ဝင်၊ မြို့ထွက်အားလုံးမှာလည်း စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နေတယ် ဆိုပါတယ်။
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Read More

အုတ်ဖိုတွင် ​​စစ်​ကောင်စီ စစ်ကြောင်းထိုးကာ စီမံချက်ဖြင့် ပေါ်တာဆွဲနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ဖို့ ပြင်ဆင်နေပြီး ကျေးရွာတွေမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

စစ်ကြောရေးမှ ပေးသည့် ဒဏ်ရာများကို ခံစားရင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။
Read More

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းလှေတွေကို စစ်ကောင်စီရေတပ်က တိုက်ခိုက်တာဆိုရင် လက်တုံ့ပြန်မယ်လို့ ထိုင်းရေတပ်ပြော ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် အကြမ်းဖက်တာကို မထောက်ခံဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆို

စစ်ကောင်စီရေတပ်က ထိုင်းပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ထိုင်းငါးဖမ်းလှေတွေကို တိုက်ခိုက်တာဆိုရင် ထိုင်းရေတပ်အနေနဲ့ လက်တုံ့ပြန်ဖို့ အသင့်ရှိကြောင်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Jirapol Wongwit က ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။
Read More

ထီးလင်းမြို့မရဲစခန်းနဲ့ ရုပ်သံကုန်းက စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲ ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က စစ်ကောင်စီတပ်စွဲရာ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။