တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် အစပ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၁ ရက် နေ့လည်ပိုင်းက တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာ၊ ခမရ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ကင်းလှည့်ဖို့ ခြေလျင်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၉ ယောက်ခန့်ကို မြိတ်နဲ့တနင်္သာရီ နယ်ခြားမှတ်တိုင်အရောက်မှာ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ က တော်လှန်ရေးရဲဘော်တွေ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂၂ ရက် မနက်ပိုင်းမှာလည်း ခမရ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းကနေ မြိတ်မြို့နယ်ဘက်ကို အကြမ်းဖက်စစ်သား ၁၁ ယောက် လမ်းကင်းထွက်လာချိန် နယ်ခြားမှတ်တိုင်အနီးမှာပဲ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ က တော်လှန်ရေး ရဲဘော်တွေ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲ တိုက်ခိုက်မှုတွေအပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ၁၀ မိနစ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့သလို သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကိုတော့ ခမရ ၅၅၆ ဇဝဲတပ်ရင်းဘက်ကို ကားနဲ့ တင်ဆောင်သွားတယ်လို့ သိရပါတယ်။
ပုံစာ – ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ကောလင်း သယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံခံရမှုကို NUG အနေနဲ့ အမြန်ဆုံးဖော်ထုတ်ပေးဖို့ CDM အဖွဲ့အစည်းတွေ တောင်းဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က သယံဇာတအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဦးအရိန္ဒမာ လုပ်ကြံခံရမှုအတွက် NUG အနေနဲ့ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး အရေးယူပေးဖို့ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
Read More

ထိုင်းနဲ့ တရုတ်ပေါင်းပြီး လိမ်လည်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ ဘန်ကောက်နဲ့ မဲဆောက်မှာ ရုံးဖွင့်မယ်

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ်တလျှောက်မှာ တရားမဝင် တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ အလျင်အမြန် တိုးပွားလာမှုကို တိုက်ဖျက်ဖို့ ထိုင်းနဲ့ တရုတ်အစိုးရတို့ပေါင်းပြီး ညှိနှိုင်းရေးရုံးတွေ ဖွင့်လှစ်သွားမယ်လို့ Reuters က သတင်းဖော်ပြပါတယ်။
Read More

မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပက်သက်ပြီး စစ်ကောင်စီက အရာရှိတွေအပါဝင် ၅ ယောက်ကို တာဝန်ပေါ့​လျော့မှုနဲ့ အရေးယူထား

မန္တလေးတိုင်းက မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက လေကြောင်းရန်ကာကွယ်ရေးအရာရှိ ၂ ယောက်နဲ့ အခြားအဆင့်ရှိသူ ၃ ယောက်တို့ကို တာဝန်ပေါ့လျော့မှုတွေနဲ့ အရေးယူစစ်ဆေးတာတွေ လုပ်ဆောင်နေ​တယ်လို့သတင်းရကြောင်း မိတ္ထီလာ ပကဖ တာဝန်ခံ ဦးနောင်ချိုက ပြောပါတယ်။
Read More

အာဏာရှင်စနစ် အပြီးတိုင် မဖယ်ရှားနိုင်သရွေ့၊ လူထုကိုယ်တိုင်ပါဝင်နိုင်တဲ့ လူထုအုပ်ချုပ်ရေး မဖော်ဆောင်နိုင်သရွေ့ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု SNLD ပြော

တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် - SNLD က ထုတ်ပြန်ပါတယ်။
Read More

ကျောင်းသားလက်ရုံး တပ်တော် ရဲဘော်တွေရဲ့ စစ်မြေပြင်တစ်နေရာက ပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းဒေသအတွင်း ပြောက်ကျား စစ်မြေပြင် တစ်နေရာက ကျောင်းသားလက်ရုံး တပ်တော် ရဲဘော်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရပ်စောက်မြို့နယ် ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က (၅၀)ကျော်‌ သေ၊ လက်နက်တွေ ရရှိကြောင်း DPLA ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ၁၀ ရက်တာအတွင်း စစ်ကောင်စီတပ်က (၅၀) ကျော်‌ ‌သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။