မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိကြောင်း Southern YSO PDF ထံက သိရပါတယ်။
နိုဝင်ဘာ ၂၁ရက်၊ မနက်အစောပိုင်းက ရေစကြိုမြို့နယ်၊ သဲတောကျေးရွာဆီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွါးခဲ့တာပါ။
နိုဝင်ဘာ ၂၁ရက်မှာ ပခုက္ကူ တပ်မ ၁၀၁နဲ့ လက်အောက်ခံ ရေစကြိုအခြေစိုက် တပ်ရင်းတွေက သဲတောရွာနဲ့ ဒေါင်းသွေးနီပြောက်ကျားတပ် YSO တပ်ဖွဲ့စခန်းဆီ လေကြောင်းကနေ ပေါင် ၅၀၀နဲ့ ပေါင် ၃၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်​ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သဲတောကျေးရွာအတွင်းက နေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးကာ ဒေါင်းသွေးနီပြောက်ကျားတပ် YSO တပ်ဖွဲ့ရဲ့ စခန်းအ​ဆောက်အဦး ၄လုံး၊ စားနပ်ရိက္ခာ၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO ပြန်ကြားရေးတာဝန်ခံ ကိုမျိုးက မောင်းကိုပြောပါတယ်။
ဒါ့အပြင် မြေပြင်စစ်ကြောင်းကလည်း သဲတောရွာထဲက စစ်ရှောင်အရပ်သား၁ယောက်ကို ပစ်ခတ်သတ်ဖြတ်ကာ ရွာထဲက တန်ဖိုးကြီးပစ္စည်းတွေကိုပါ ခိုးယူသယ်ဆောင်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီနောက်နိုဝင်ဘာ ၂၂ရက်နေ့မှာ ဇီးတောရွာနဲ့ ကျောက်ထပ်ရွာတွေဆီ စစ်ကောင်စီ စစ်ကြောင်းတက်လာချိန် Southern YSO PDF နဲ့ ထပ်မံတိုက်ပွဲဖြစ်ပွါးခဲ့တာပါ။
“၂၁ရက် မနက် ၇နာရီခွဲလောက်မှာ PDF စခန်းတစ်ခုကို သူတို့(စစ်အုပ်စု) မီးရှို့နေတဲ့အချိန် ကျနော်တို့ဘက်က ၆၀မမ တွေနဲ့ ထုပါတယ်။ သူတို့ဘက်ကလည်း ပြန်ထုပါတယ်။ အနီးကပ်လည်း ဝင်လုံးပါတယ်။ ၂၂ရက်နေ့ကျတော့ ဇီးတောနဲ့ကျောက်ထပ်ကို တက်လာတုန်းကျနော်တို့က စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။” လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်း က မောင်းကိုပြောပါတယ်။
ဒီထိတွေ့မှု၂ရက်တာအတွင်း ထိခိုက်သေဆုံးသူတွေနဲ့ ဒဏ်ရာရစစ်သားတွေကို ကျန်တပ်ဖွဲ့ဝင်တွေက ထမ်းစင်တွေနဲ့ နောက်တန်းကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်းနဲ့ သေဆုံးစာရင်းကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
အကြမ်းဖက်စစ်ကြောင်းကို Southern YSO PDFရဲ့ နတ်မိကျောင်းစစ်ဆင်ရေး နဲ့အတူ BNRA စစ်ကြောင်းနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ဟန့်တားတိုက်ခိုက်ခဲ့တယ်လို့လည်း Southern YSO PDF က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Southern YSO PDF
0 Shares:
You May Also Like
Read More

မြိုင်မြို့နယ်အတွင်း တိုက်ပွဲမှာ Earthqauke People’s Defence Force တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Earthqauke People's Defence Force က အားထားရတဲ့ တပ်စိတ်မှူး ရဲဘော် အသေးလေး ကျဆုံးခဲ့ရကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ရေးသတိပေးချက် ထုတ်ပြန်ပြီး ၁ လအကြာ ထီးလင်းမြို့ပေါ်က စစ်အုပ်စုတွေကို တော်လှန်ရေးတပ်တွေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ရေးသတိပေးချက် ထုတ်ပြန်ထားတဲ့ တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုအထိုင်ချတပ်စွဲရာ မြို့ပေါ်နေရာတွေဆီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

CDF – KKG တပ်ရင်း (၄) ၏ အပတ်စဥ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ

Chinland Defense Force, Kalay – Kabaw – Gangaw (CDF – KKG) တပ်ရင်း (၄) ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးရဲ့ နာမည်ကျော် စျေးချို တောင်/မြောက်တိုက်တန်းကြီးမှ အဆောက်အအုံများကို ဖျက်သိမ်းမည်

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးရဲ့ နာမည်ကျော် စျေးချိုတော်ရဲ့ နေရာအချို့မှာ ကြံ့ခိုင်မှု အားနည်းနေတာကြောင့် ဖျက်သိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့တွေထံက သိရပါတယ်။
Read More

မြန်မာစစ်တပ်ပိုင် Mytel ကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ အကျိုးအမြတ်များစွာ ပါဝင်ပတ်သက်နေတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရသည့် စစ်ကောင်စီတပ်သားသစ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။