မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုတွေရှိနေတဲ့ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို ၂ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၄ရက်နဲ့ ၂၆ရက်တွေမှာ နွားထိုးကြီးမြို့ပေါ်က ဌာနဆိုင်ရာ ရုံးတွေကို မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀ နဲ့ Myingyan District Drone Strike အဖွဲ့တို့က ရှားထူးဝေါနည်းပညာ Fixed Wings ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေက နိုဝင်ဘာ ၂၄ရက်နေ့မနက်ပိုင်းမှာ နွားထိုးကြီး ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းနဲ့ ဗုံးသီး ၄လုံးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ယောက် ထိခိုက်သွားကြောင်း ပြောပါတယ်။
အဲ့ဒီနောက် မနေ့က နိုဝင်ဘာ ၂၆ရက် မနက်ပိုင်းမှာလည်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းတွေပေါ်ကို ဗုံးသီး ၇လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“လက်လုပ်ဗုံးသီးတွေ ၂ရက်ပေါင်း ၁၁ လုံးလောက်သုံးခဲ့ပါတယ်။ ၂၄ရက်က ၁ကောင် ထိခိုက်ဒဏ်ရာရတယ်။ ၂၆ရက်နေ့ကတော့ ၅ကောင်သေပြီး ၃ကောင် ဒဏ်ရာရလို့ သိရပါတယ်။” လို့ မြင်းခြံခရိုင် တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ရက်နေ့ကလည်း စစ်မှုထမ်းစာရင်း မဲနှိုက်အစည်းအဝေးလုပ်နေတဲ့ လယ်သစ် ပျူစောထီးရွာကို အခုလို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာတော့ တပ်ရင်း ၄၊ ၁၀ နွားထိုးကြီး PDF တွေနဲ့ မြင်းခြံခရိုင် ဒရုန်းတပ် အမှတ် (၁၈၄၈) ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဗုံးသီး ၆လုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီး ၃ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရကာ မြင်းခြံမြို့ပေါ်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ​နိုဝင်ဘာ ၁၄ရက်နေ့ကလည်း နွားထိုးကြီး-ပြင်စည်လမ်းပေါ်မှာ စစ်အသုံးအဆောင်ပစ္စည်းတွေ တင်​ဆောင်လာတဲ့ ခရီးသည်တင်ကား ၁စီးကို မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀ က သိမ်းဆည်းရမိခဲ့​ပါသေးတ​​​ယ်။
လက်ရှိမှာ နွားထိုးကြီးနဲ့ ခရိုင်ချင်းစပ်မြို့ဖြစ်တဲ့ မြင်းခြံမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။
ပုံစာ – မြင်းခြံခရိုင် တပ်ရင်း ၄၊ ၁၀ နွားထိုးကြီး PDF အဖွဲ့ဝင်များ ဒရုန်းမစ်ရှင်လုပ်ဆောင်နေစဥ်
0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းအတွင်း PDF တွေ ဝင်မလာအောင် ပြည်သူတွေ စောင့်ကြည့်ပေးဖို့ လိုတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

ခုခံတွန်းလှန်စစ်တွေ ပြင်းထန်နေတဲ့  စစ်ကိုင်းတိုင်းမှာ PDF တွေဝင်မလာစေဖို့ ပြည်သူတွေအနေနဲ့ စောင့်ကြည့် သတင်းပေးကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုချုပ် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

စစ်ကိုင်းမြို့အနီးတစ်ဝိုက်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၇.၇အဆင့်နှင့် ၆.၄ အဆင့်ရှိ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေး အသင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကလေးခရိုင် ပကဖ ရဲဘော်အတွက် ချီးမြှင့်ငွေ ထောက်ပံ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် အခမ်းအနားနဲ့ ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက တောရဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရတယ်လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ လက်ရုံးတပ်က ထုတ်ပြန်ပါတယ်။ 
Read More

အာဏာရှင်ဆန့်ကျင်ရေး လမ်းကြောင်းပေါ်မှာ လက်နက်ကိုင်တွေ အချင်းချင်း ညီညွတ်ကြဖို့ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း

လက်ရှိအချိန်မှာ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ဟာ အဓိက ရည်မှန်းချက်ဖြစ်တာကြောင့် လက်နက်ကိုင် တော်လှန်နေသူတွေအားလုံး အချင်းချင်းကူညီကြဖို့ကို KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက  တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဆေးတပ်ဌာနခွဲရဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊  ဆေးတပ်ဌာနခွဲကနေ ဦးစီးပြုလုပ်တဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းရဲ့သင်တန်းဆင်း ပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့မှာ သတင်းဓာတ်ပုံတွေ ထုတ်ပြန်လာပါတယ်။