မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို နို ဝင်ဘာ ၂၅ ရက် မနက်ပိုင်းက တော်လှန်ရေးရဲဘော်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ Popa Production & Guerilla Force အဖွဲ့ထံက သိရပါတယ်။
လျှပ်စစ်ဌာန၊ ပြန်ကြားရေးဌာန၊ ဆောက်လုပ်ရေးဌာနနဲ့ ဆက်သွယ်ရေးဌာနတို့ကို ဝင်ရောက်ရှင်းလင်းခဲ့ပြီး ငါ့သရောက်နယ်မြေရဲစခန်းက ရဲတွေ ထွက်ပြေးတိမ်းရှောင်သွားကာ စစ်ကောင်စီတပ်သားတွေ ခံစစ်တည်ဆောက်ထားတဲ့ နေရာတွေကို ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို Popa Guerrila Force (PGF)၊ ညောင်ဦးမြို့နယ် ပကဖ (ပု‌ဂံပြည်ဘီလူးတပ်)၊ တောင်သာမြို့နယ် ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ မြင်းခြံ ခရိုင်တပ်ရင်း ၃၊ 21 Bagan (ညောင်ဦးမြို့နယ်ပကဖ တပ်ခွဲ ၃)နဲ့ ဗိုလ်လက်ယာ (မြိုင်) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မိုင်းလာရှင်းသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်အတွင်း စစ်တပ်ယာဉ်တွေကို တိုက်ခိုက်ဖို့ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ မိုင်းကို လာရောက်ရှင်းလင်းတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် ၆ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့မရဲစခန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ၇ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ၅ ဆိုင်းနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၁ ကျားသစ်နက်တပ်မတော်ထံက သိရပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၉ ယောက်သေ၊ ၂၀ ကျော်ဒဏ်ရာရရှိပြီး ၉ ယောက်ဖမ်းဆီးရမိ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသို့ စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ Myingyan Black Tiger - MBT တပ်ဖွဲ့ထံက သိရပါတယ်။
Read More

Federal Wings Hercules ဒရုန်းများ၏ နောက်ဆုံးမျိုးဆက် Hercules 3 တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

Federal Wings အဖွဲ့က ထုတ်လုပ်ထားတဲ့ Hercules ဒရုန်းတွေရဲ့ နောက်ဆုံးမျိုးဆက် Federal Wings Hercules 3 ရဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော်များအတွက် DMO Local PDF အောက်မေ့ခြင်း အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို DMO Local PDF ရဲဘော်၊ ရဲမေတွေကို နိုဝင်ဘာ ၂ ရက်က သင်္ချိုင်းပွဲ (ကွယ်လွန်သောသူအတွက် အောက်မေ့ဖွယ်ရာနေ့) မှာ ဖယောင်းတိုင်မီးထွန်းခြင်း၊ မိစ္ဆာတောင်းဆိုခြင်းနဲ့ အလေးပြုခြင်းတွေ ပြုလုပ်ခဲ့ကြတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။