နိုဝင်ဘာလ တတိယအပတ်အတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီး ဖမ်းဆီးခံရသူ အယောက် ၅၀ ကျော်အထိရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့၊ ၂ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကြောင့်
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ မြန်မာနိုင်ငံကနေ ဝင်ရောက်လာသူ ၂၆ ယောက် ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာ ၂၄ရက် ဒီနေ့ မနက်ပိုင်းမှာလည်း ထိုင်းနိုင်ငံတောင်ပိုင်း ဆိုင်ဘူရီခရိုင်မှာ ၂၉ ယောက် ထပ်မံဖမ်းဆီးခံရကြောင်း သိရပါတယ်။
“ပုံမှန် အလုပ်အကိုင်ရှားပါးမှုလောက်ဆိုရင်တောင် အထဲမှာ လယ်စိုက်ကွမ်းစိုက် လယ်ကူလီ ခေါ်တဲ့ အငှားလယ်စိုက်အလုပ်သမား၊ မွေးမြူရေးငါးကန် အလုပ်သမားတွေလို အလုပ်မျိုး လုပ်ကိုင်နေထိုင်လို့ရသေးတယ်။ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့အတူ ထမင်းမငတ်အောင်တော့ နေလို့ရသေးတာပေါ့။လက်ရှိမြန်မာနိုင်ငံ အခြေအနေအရ ကိုယ့်ကိုကိုယ်တောင် မပိုင်တော့တဲ့ဘဝဖြစ်နေပြီ။ မလုံခြုံတော့သလို ခံစားနေကြရတယ်။ ဘယ်နေ့ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး လာဖမ်းမလဲဆိုတဲ့ ကြောက်စိတ်တွေက ပိုပို ဆိုးဝါးလာနေတော့ ပြည်ပထွက်အလုပ်လုပ်ဖို့ မလွယ်ကူပေမယ့်လည်း နယ်စပ်ဖြတ်ကျော်ထွက်လာခဲ့ရတယ်” လို့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထွက်ပြေးလာတဲ့ လူငယ်တစ်ယောက်က မောင်းကို ပြောပါတယ်။
“မြန်မာနိုင်ငံသားတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်
ဝင်ရောက်မှုတွေမှာ အထူးသတိပြုစေချင်တယ်ဗျ။ အခုက လူမှုကွန်ရက်စာမျက်နှာတွေကနေ နိုင်ငံတချို့မှာ အလုပ်အကိုင်အပြီး ငွေကြေးတောင်းယူ ပို့ပေးနေတဲ့ ပွဲစားအများကြီး ရှိနေတယ်။ ဖမ်းဆီးခံရသူအများစုကလည်း ပွဲစားတွေကို ငွေပေးပြီး နယ်စပ်ဖြတ်ကျော်ရောက်လာမှုတွေနဲ့ ဖမ်းခံရသူအများဆုံးပဲ။ ပွဲစားတွေလိမ်ခေါ်လို့ ဖမ်းဆီးခံရတာဖြစ်တယ်” လို့ ထိုင်းနိုင်ငံနယ်စပ်မှာ အလုပ်လုပ်ကိုင်နေသူတစ်ယောက်ကလည်း ထပ်မံပြောဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ရနောင်းဘက်ကို အလုပ်အကိုင်အပါ သွားရောက်ဖို့ မြန်မာငွေ သိန်း ၃၀ ကနေ သိန်း ၅၀ အထိ ပွဲစားတွေကို ပေးနေရပြီး မလေးရှားနိုင်ငံကို သွားရောက်အလုပ်လုပ်ဖို့ဆိုရင် သိန်း ၅၀ ကနေ သိန်း ၈၀ အထိ ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။ ပွဲစားတွေရဲ့ လိမ်လည်ခေါ်ဆောင်မှုကြောင့် ထိုင်းနိုင်ငံ နယ်စပ်ဖြတ်ကျော်ဂိတ်တွေမှာ တစ်လအတွင်း မြန်မာ ၁၀၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
ပုံစာ – ဒီမနက် ဖမ်းဆီးခံရစဉ် (ပုံ ၁) နဲ့ နိုဝင်ဘာ ၁၆ ရက်က ဖမ်းဆီးခံရစဉ် (ပုံ ၂)
0 Shares:
You May Also Like
Read More

စစ်ကျွန်ဇာတ်သွင်းတဲ့ သန်းခေါင်စာရင်းကောက်ယူမှုအတွက် အိမ်တွင်းသပိတ်ပြုလုပ် (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ ထွက်ပေါက်တစ်ခုဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲ သွားရာလမ်းကြောင်းဖြစ်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ကန့်ကွက်ကြောင်းနဲ့ ဒီလို စစ်ကျွန်ဇာတ်သွင်းနေမှုကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့နေ တော်လှန်ပြည်သူတွေက အိမ်တွင်းသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
Read More

ကရင်နီပြည်နယ်မှာ လူထုဗဟိုပြု ဒေသန္တရအုပ်ချုပ်ရေးကို ခြေလှမ်းမှန်စွာ ဖော်ဆောင်နိုင်ခဲ့ဟု ဆို

ကရင်နီပြည်မှာ လူထုဗဟိုပြုမြို့နယ်အုပ်ချုပ်ရေး လို့ခေါ်တဲ့ ဒေသန္တရ အုပ်ချုပ်ရေးတွေကို တစ်ဆင့်ချင်းစီ ခြေလှမ်းမှန်မှန်နဲ့ အကောင်းဆုံးဖော်ဆောင်နိုင်ခဲ့တယ်လို့  ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားလိုက်ပါတယ်။
Read More

သာမညမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေ RPG နဲ့ အနီးကပ်ထုခံရ

ကရင်ပြည်နယ်၊ သာမညဒေသမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ဟိုက်ဂျက်ကား RPG နဲ့ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ်မှာ ကျေးရွာဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်ပသွင်းကုန်များ လျှော့ချကာ စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ပြည်ပကနေ တင်သွင်းနေသမျှ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှလျှော့ချပြီး စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။