ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ရှိ အရပ်သားနေအိမ်ပေါ်သို့ ယနေ့ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်နဲ့ ဆိုင်ခန်း ပျက်စီးကာ ဒေသခံအဘွားအို ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ Video-ဒေသခံ 0 Shares: Share 0 Tweet 0
Read More 1 minute read VVideos မြိတ်ခရိုင် ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)October 18, 2024 တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ခြောက်မိုင်ရွာနဲ့ ဘန်လောရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀၀ ခန့်ရှိတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၄ ရက်ကနေ ၂၂ ရက်အထိ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Squad - TNI အဖွဲ့ထံက သိရပါတယ်။
Read More 1 minute read VVideos အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက် ရုပ်သံOctober 9, 2024 ''အခုလုပ်ဆောင်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီကျင့်ထုံနဲ့ ဒီမိုကရေစီ မူတွေကို လုပ်တဲ့ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာထိန်းမှုကို တရားဝင်အာဏာအဖြစ် အသွင်ကူးပြောင်းဖို့ကို ရွေးကောက်ပွဲကို လက်နက်တစ်ခုလို အသုံးချတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးက အတုအယောင်ရွေးကောက်ပွဲလို့ နာမည်တပ်ရတာဖြစ်ပါ တယ်''
Read More 1 minute read VVideos မြင်းခြံခရိုင် ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးသီးကြဲချပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ (ရုပ်/သံ)May 17, 2025 မန္တလေးတိုင်း မြင်းခြံခရိုင် ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေခဲ့တယ်လို့ Myaung Drone Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More 1 minute read VVideos မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက်ထားတဲ့ လက်နက်တွေကို သိမ်းဆည်းရရှိ (ရုပ်/သံ)August 30, 2025 ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက် ထားတဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Mindat မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More 1 minute read VVideos ယင်းမာပင် စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)January 25, 2025 စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၂၃ ရက်က ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကျွန်မခံ မြွေဆိုးတသိုက် - PDF အဖွဲ့ထံက သိရပါ တယ်။
Read More 1 minute read VVideos ဟားခါးမြို့နယ် စာသင်ကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး ကလေးအချို့ ပျောက်ဆုံးနေ (ရုပ်/သံ)October 13, 2025 ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် (၁၀)နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။