စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲအပြီး စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်းမှုတွေ လုပ်နေပါတယ်။

ဒီရုပ်သံဖိုင်ကတော့ စစ်ကောင်စီက MI 17 နဲ့ လာပို့တဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်နေတာပါ။ စစ်သားအင်အား အများအပြား လာချပေးနေချိန် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ ဒရုန်းတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီဒရုန်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်က Salingyi Special Task Force (SSTF) ၊ ပုံတောင်တိုက်ဂါး PDF ၊ EagleWingsDroneForce ၊ ကျောက်လုံးကြီးDrone ၊ B21kani ၊ မုံရွာခရိုင်တပ်ရင်း၂၄ ၊ မုံရွာခရိုင်ပကဖ နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆/၃၆အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ယောက်သေကာ PDF ရဲဘော် ၁ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၅၆ က ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြား အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်ထံက သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့ မိဘများအား ရဲဘော်ရဲဘက်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တပ်စုမှူး ရဲဘော်ကျော်ကြီး (ခ) ကျော်မျိုးသူရဲ့  နာရေးစျာပနကို ဇွန်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က  သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာကို အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေက ၄ ရက်ဆက် မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၂၀ ခန့် ဖျက်ဆီးခဲ့ရ (ရုပ်/သံ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှ အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ် အင်အား ၂၀၀ ခန့်ဟာ အရပ်သားနေအိမ်တွေကို ၄ ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Battalion 1006 Pekhon People's Defence Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ ရှေ့တန်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရဲဘော်များ (ရုပ်/သံ)

ရှမ်းတောင်-ကရင်နီ ရှေ့တန်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁၊ ကရင်နီစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီတပ် သေ့ဘောဘိုးစခန်းမကျစေရေး လက်နက်ကြီးနဲ့ ‌လေကြောင်းပစ်ကူပေးပြီး အပြင်းအထန် ခုခံတိုက်ခိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးစခန်းမကျစေရေး စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေပေးနေပြီး အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။