မကွေးတိုင်း၊ ရေစကြိုမြို့ စုပေါင်းရုံးမှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းကနေ လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးလာတဲ့ စစ်သား ၂ ယောက်ကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံရှာဖွေကာ ဆုငွေ ၁၅ သိန်းကျပ်စီ ချီးမြှင့်ခဲ့တယ်လို့ ရေစကြို ပကဖ ဆီက သိရပါတယ်။

ရေစကြိုမြို့ စုပေါင်းရုံးအတွင်း သန်းခေါင်စာရင်းကောက်ယူရာမှာ လုံခြုံရေး ယူပေးနေတဲ့ ခလရ ၂၅၇ တပ်ရင်းနဲ့ ခလရ ၂၅၈ တပ်ရင်းက တပ်သား ၂ ယောက်ဟာ နိုဝင်ဘာလ ၁၆ ရက် နေ့လယ်ပိုင်းက လက်နက်ခဲယမ်းတွေ ထွက်ပြေးလာတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်)

အခုလို စစ်သား ၂ ယောက် ထွက်ပြေးသွားတဲ့ သတင်းအရ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရဲဘော်တွေဟာ လိုက်လံရှာဖွေခဲ့ရာ နိုဝင်ဘာလ ၁၇ ရက် နေ့လည်ပိုင်းမှာတော့ ရေစကြိုမြို့နယ်အတွင်း တစ်နေရာမှာ ရှာဖွေတွေ့ရှိခဲ့ပြီး MA1 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၉ ဘောက်နဲ့ ၅.၅၆ ကျည် ၄၅၀ တောင့်ခန့်တို့ကို ထွက်ပြေးလာတဲ့ စစ်သား ၂ ယောက်က ရေစကြိုမြို့နယ် (ပ.က.ဖ) ဆီ အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ထွက်ပြေးလာပြီး လက်နက်ခဲယမ်းတွေ အပ်နှံပေးခဲ့တဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ရေစကြို ပကဖ က တစ်ယောက်ကို ငွေကျပ် ၁၅ သိန်းစီ ဆုချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီဘက်က နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ဆုံးရှုံးတော့မယ့် အခြေအနေ ရှိနေသည်ဟု NUG ယာယီသမ္မတ ပြော

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်တာကြောင့် နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ မကြာခင် ကျဆုံးတော့မယ့် အခြေအနေတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။ 
Read More

ရွှေဘိုမြို့နယ်တွင် ပြည်သူများကို ကျန်းမာရေးအသိပညာပေး ဟောပြော၊ အခမဲ့ဆေးဝါးကုသမှုပေး… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေကို ကျန်းမာရေး အသိပညာပေး ဟောပြောပြီး အခမဲ့ဆေးဝါးကုသမှုပေးကာ အလှူရှင်တွေကိုယ်စား အလှူငွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်ခြင်းခံထားရတဲ့ စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်

နိုင်ငံတစ်ဝန်း အတင်းအဓမ္မ စုဆောင်းခြင်းခံထားရတဲ့ လူငယ်လူရွယ်တွေကို စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြုလုပ်ပြီး ရှေ့တန်းနယ်မြေတွေကို စတင်ပို့ဆောင်နေပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။  
Read More

ချင်းညီနောင်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းရှိ မြို့နယ်များအား ယောဒေသမှတဆင့် စစ်အုပ်စု အင်အားအလုံးအရင်းသုံး ချဥ်းကပ်လာနေ

အကြမ်းဖက် စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်း ယောဒေသကတဆင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားလာနေတာကြောင့် မကွေးတိုင်းထဲကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီပိတ်ထားကြောင်း CDF - Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲသစ်တင်မြောက်ပွဲနဲ့ တအာင်းနှစ်သစ်ကြိုဆိုပွဲကို TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် တက်ရောက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ အနောက်ကင်းကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲ ရွေးကောက်တင်မြှောက်ခြင်း အခမ်းအနားနဲ့ (၂၇၁၆) နှစ်ပြည့် တအာင်းနှစ်သစ်ကူး ကြိုဆိုပွဲကို တအာင်းတပ်မတော် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် တက်ရောက်ခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည်အခြေစိုက်  ကလလတ တပ်ရင်း ၆၂၆ ၊ တပ်ခွဲ (၁) မှ ဒုတပ်ခွဲမှူး ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် ၆၂၆ (KPLA- B 626) တပ်ခွဲ (၁) မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ ကလလတ က ဒီနေ့ ထုတ်ပြန်ပါတယ်။