မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ကျေးရွာစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Young Force – UG အဖွဲ့ထံက သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ နေထိုင်တဲ့ အဆောက်အအုံကို ၄၀ မမ ဗုံးပစ် လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားသေဆုံးမှုရှိခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Young Force UG နဲ့ Pakokku People Defense Force၊ BURMA REVOLUTION RANGERS အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ခမရ ၅၉၁ တပ်ရင်းမှကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှ ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။ သြဂုတ် ၂၈ ရက် နေ့လယ်ပိုင်းက ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းမှထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကျောင်းရွာ လမ်းပိုင်းအရောက် ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း ပျူစခန်းများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်ကောင်စီတပ်သား အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အနောက်မကျည်းကန်နဲ့ အောင်သာပျူစခန်းတွေကို ဧပြီ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Rocket Fighter အဖွဲ့ထံက သိရပါ တယ်။
Read More

ကမ္မမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ပြီး စစ်သားများ ခိုးယူထားသည့် ဆိုင်ကယ်များကို ပြည်သူထံ ပြန်လည်အပ်နှံ (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်သားတွေ ခိုးယူထားတဲ့ ဆိုင်ကယ်တွေကို ပြည်သူထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများနိုင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ဒီမနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM) အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

မုဒုံမြို့နယ် အဘစ်ကျေးရွာက စစ်ကောင်စီအမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ် ၃၁၈ ကို အောက်တိုဘာ ၈ ရက်မှာ SDDF Missile Team က ထုတ်လုပ်တဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF Southern Military Region အဖွဲ့ထံကနေ သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်သားသစ်များကို သင်တန်ပေးနေသည့်စခန်းအား လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ တပ်သားသစ်တွေကို သင်တန်းပေးနေတဲ့ စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။