မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အားပေးတယ်လို့ တရုတ်ဘက်က အသိအမှတ်ပြုခဲ့သလို တရုတ်နိုင်ငံ နယ်နိမိတ်ကိုအခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေသူတွေ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းမှန်သမျှကို တရုတ်က လက်မခံဘူးလို့လည်း ဇော်မင်းထွန်းက မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အပြီး စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာပါ။

တရုတ်အပေါ် ဆန့်ကျင်သူတွေ မြန်မာနိုင်ငံထဲမှာ အခြေမပြုနိုင်ဖို့ စစ်ကောင်စီက အတည်ပြု ပြောဆိုခဲ့ပြီး မြန်မာ့နိုင်ငံရေးစနစ် ခိုင်မာဖို့ တရုတ်ရဲ့ အားပေးထောက်ခံမှုကို ရခဲ့တယ်လို့လည်း ပြောပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ရာမှာလည်း အောင်မြင်မှုရခဲ့ပြီး မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူတွေ များတယ်လို့လည်း ဇော်မင်းထွန်းက ဆိုပါတယ်။

“တရုတ်ရဲ့ One Belt One Road စီမံကိန်းစတဲ့ မြန်မာနဲ့ဆိုင်တဲ့ CMR မြန်မာ-တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းတွေနဲ့ ပတ်သက်ပြီးလည်း မကြာမီတိုးမြင့်လာမယ်လို့ မျှော်မှန်းပါတယ်”လို့ အကြမ်းဖက်ပြန်ကြားရေး ဇော်မင်းထွန်းက ပြောပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပတဲ့ မဟာမဲခေါင် ထိပ်သီးအစည်းအဝေးပွဲနဲ့ ဆက်စပ်ဆွေးနွေးပွဲတချို့ ကို တက်ရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကို နေပြည်တော် လေဆိပ်မှာ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၊ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့နဲ့အတူ စစ်ကောင်စီ ဝါဒဖြန့် ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တချို့နဲ့ စစ်တပ်ထောက်ခံသူတချို့ ကြိုဆိုခဲ့ကြပါတယ်။

စစ်ခေါင်းဆောင်ဟာ ကူမင်းမှာ ပြုလုပ်တဲ့ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ချိန် တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံခဲ့သလို အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမြိုနယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၁၉ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲနှင့် သီပေါတွင် စစ်တပ် သတင်းပေး ၁၀ ဦးကျော် ဖမ်းဆီးရမိခဲ့ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ သီပေါမြို့တို့မှာ သတင်းရယူဖို့ အကြမ်းဖက်စစ်တပ် စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေး(ဒလန်) ၁၀ ယောက်ကျော်ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုတွေ ဆောင်ရွက်ချိန် ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး…

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ် ပွားရာ စစ်တပ်က ၅၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ပြောင်းဖူးချိုးနေတဲ့ မိခင်နဲ့ ၂နှစ်အရွယ် ကလေးငယ် သေဆုံး၊ ဖခင်ဖြစ်သူ ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် တောင်ယာခြံထဲ ပြောင်းဖူးချိုးနေတဲ့ သားအမိ ၂ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်းက တပ်ရင်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အဖြစ် ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို စားနပ်ရိက္ခာအချို့ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF အနေနဲ့ တည်ထောင်ခြင်း(၄)နှစ်ပြည့်တဲ့ မနေ့က စစ်အာဏာရှင်ကို တော်လှန်ရင်း အသက်ပေးလှူခဲ့ရတဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဆန်၊ ဆီနဲ့ ထောက်ပံ့ကြေးငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။