မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ (၁၃) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ (၁၁) ရက် ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်မှာ ဗုံး (၃) လုံးနဲ့ အနောက်ပိုင်း မြို့ဦးလွင်အနီး ဗုံး (၂)လုံး  လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ အရှေ့ပိုင်းက ဒေသခံ (၄) ယောက် သေဆုံးပြီး ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို အနောက်ပိုင်းမှာလည်း ဒေသခံ (၅) ယောက် သေဆုံးပြီး ဒေသခံ (၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၁၀) လုံးထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အတွင်း တအာင်းတပ်မတော် TNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဇူလိုင်လ (၂၅) ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

(ဓာတ်ပုံ The Ta’ang Post)

0 Shares:
You May Also Like
Read More

ရေဦးမှာ ပြည်သူပိုင်နေအိမ်တွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့မှာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့ (MPRT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲမှာ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်း (WCP) ကို အခုစက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးတွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေပြီး အများအပြားဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရှောက်ပင်ရိုးကျေးရွာကို အကြမ်းဖက်စစ်တပ် လေ​ကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၆ ယောက် သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတွေက မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က နိုင်ငံတော်အဆင့်မဟုတ်ဘဲ ပြည်နယ်အဆင့် စီးပွားရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း NUG ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။
Read More

BGF ခေါင်းဆောင် စောချစ်သူအပါ ၃ ယောက်ကို လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းက ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။