၁၁၁၁ စစ်ဆင်ရေး (၁) နှစ်ပြည့်ခဲ့တဲ့ ဒီနေ့မှာ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးလှူသွားတဲ့ တော်လှန်ရဲဘော်တွေကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (ဖယ်ခုံဇုန်) က ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ဦးဆောင်ပြီး ရှမ်းမြောက်ပိုင်းက (၁၀၂၇) စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့ အနေနဲ့ ၁၁၁၁ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှာ စတင်ဖော်ဆောင်ခဲ့တာပါ။
၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ဦးဆောင်မှုနဲ့ ကရင်နီပြည် အခြေစိုက်တဲ့ မဟာမိတ် တပ်ပေါင်းစု အဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EROs)တို့ စုပေါင်းကာ စစ်ကြောင်း (၃) ကြောင်းနဲ့ အချိန်နဲ့တပြေးညီ ထိုးစစ်ဆင်ခဲ့မှုကနေ အကြမ်းဖက် စစ်ကောင်စီ ကင်းစင်နယ်မြေတွေ များစွာပေါ်ထွက်လာတယ်လို့ သိရပါတယ်။
ကရင်နီပြည် ၁.၁.၁.၁ စစ်ဆင်ရေးကာလတစ်လျောက် ကျဆုံးခဲ့ရတဲ့ တပ်ဖွဲ့အသီးသီးက အာဇာနည်သူရဲကောင်းတွေကို အလေးနီပြုသလို ကရင်နီပြည် ၁.၁.၁.၁ စစ်ဆင်ရေးကာလတစ်လျောက် အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို အလေးနီပြုတယ်လို့ KNDF (ဖယ်ခုံဇုန်) က ထုတ်ပြန်ထားပါတယ်။
 
				
	 
											 
											 
											 
											 
											