တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက PDF တွေအပေါ် ပြည်သူတွေအထင်အမြင်လွဲမှားစေနိုင်တဲ့ ကိစ္စတွေလုပ်ဆောင်နေကြောင်းနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေမရှိကြောင်း ကျွန်းစုမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ကျွန်းစုမြို့နယ်အတွင်းက ကော်ဇယာ၊ မဲတောနဲ့ ဘန္ဒနဲ ကျေးရွာအုပ်စုတွေမှာ  ဒေါင်းနက် Black Peacock (စစ်ခွေးလက်ပါးစေသုတ်သင်ရေးအဖွဲ့) လို့ နာမည်ပေးထားတဲ့ အင်အား ၁၀ယောက်ခန့်ပါ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဟာ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်စာပို့တာတွေ၊ ကျေးရွာထဲ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ငွေတောင်းတာတွေနဲ့ ပတ်သက်လို့ သူတို့နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း ကျွန်းစုပကဖ က ထုတ်ပြန်တာပါ။

ဒါ့အပြင် မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် ကုန်သွယ်နေတဲ့ လှေတွေ၊ မီးသွေးဖေါင်းတွေဆီကလည်း အဓမ္မငွေတောင်းခံတာတွေရှိတယ်လို့ သိရပါတယ်။

လက်ရှိတော့ ဒီအဖွဲ့ကို စုံစမ်းနေတုန်းပါ။ ကျနော်တို့ဘက်ကရော ပြည်သူတွေပြောပြချက်အရ ခန့်မှန်းထားတဲ့ အဖွဲ့တစ်ဖွဲ့တော့ ရှိပါတယ်။ ကျွန်းစုမြို့နယ်ထဲမှာ PDF အဖွဲ့ဝင်တွေကို မမြင်ဖူး မတွေ့ဖူးတဲ့ ရွာတွေအများကြီးရှိတယ်။ ​PDF ဆိုတာနဲ့ ထောက်ခံကြတယ်။ လှူဒါန်းကြတယ်။ ဒါပေမယ့် ဒီလို အဓမ္မ ငွေတောင်းတဲ့ကိစ္စတွေကျ ထိတ်လန့်ကြတယ်ပေါ့။ နောက်ပြီး PDF တွေကို တပိုင်တနိုင်ထောက်ပံ့တဲ့သူတွေလည်း ဒေါင်းနက်အဖွဲဲ့က ခြိမ်းခြောက်စာတွေပို့ထားတာရှိတယ်။ ပြည်သူတွေကတော့ သူတို့ကို ဒေါင်းနက်လို့မသိဘူး။ PDF လို့ပဲသိကြတော့ အခုလိုထုတ်ပြန်ရတာပါ။လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုနဂါးက မောင်းကိုပြောပါတယ်။

အရပ်သားလုပ်ငန်းရှင်ထံ Black Peacock အဖွဲ့ရဲ့ ပေးပို့စာ
အရပ်သားလုပ်ငန်းရှင်ထံ Black Peacock အဖွဲ့ရဲ့ ပေးပို့စာ

သူကပဲဆက်လက်ပြီးဒီအဖွဲ့က တော်လှန်ရေး အင်အားစုတွေ ပုံရိပ်ကျအောင်၊ ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင် ထောက်ပံ့မှုတွေမရအောင် လိုက်လုပ်နေတဲ့ပုံစံပါ။ စစ်ကောင်စီလက်ချက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူအများစုကတော့ စစ်ကောင်စီ မဖြစ်နိုင်ဘူးဆိုပြီး ပြောထားသလို ကျနော်တို့ဘက်ကလည်းတိတိကျကျ မပြောနိုင်သေးတာရယ်ကြောင့် စောင့်ကြည့်နေတုန်းပါ။လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ရက် ညပိုင်းကလည်း ကျွန်းစုမြို့နယ်၊ ကော်ဇယာကျေးရွာအုပ််စု၊ ကျောက်ပိတ်ကျေးရွာက နာရေးတစ်ခုကို​​ရောက်နေတဲ့ ကျောက်ကုန်းရွာအုပ်ချုပ်ရေးမှူး အောင်ဇော်၊ မူးယစ်ဆေးရောင်းတဲ့ ကြောင်ခေါင်းဆိုသူတို့ကို မျက်နှာဖုံးစွပ် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်ပြီး ရှင်းလင်းခဲ့ပါသေးတယ်။

ဒီကိစ္စလည်း ဒေါင်းနက်အဖွဲ့ပဲ ဖြစ်ဖို့များပါတယ်။ ဒေါင်းနက်လို့ နာမည်တပ်ထားတဲ့ ဒီအဖွဲ့က ရွာတွေထဲဝင်ရင် မျက်နှာဖုံးအနက်စွပ်ပြီး ဝင်တယ်။ တော်လှန်ရေးအင်အားစုတွေကိုလည်း အသိပေးပူးပေါင်းတာမျိုးမရှိဘူး။ နောက်ပြီး ဒလန်တွေ၊ အုပ်ကြီးတွေရှင်းပြီးရင်လည်း လုပ်ခဲ့တာကို တာဝန်မခံဘူး။ ကျောက်ကုန်းအုပ်ကြီးနဲ့ ကြောင်ခေါင်း သတ်ခံရတဲ့ကိစ္စအပေါ်မှာလည်း သတင်းထုတ်ပြန်တာမရှိဘဲ သူပုန်ဓားပြလိုမျိုး လုပ်နေတာပါလို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုနဂါးက ပြောခဲ့ပါတယ်။

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

လွတ်လပ်မျှတပါတယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်မယ့် ပါတီများ စစ်တပ်ဂုဏ်သိက္ခာ ထိခိုက်အောင် မပြောဖို့ ကန့်သတ်ခံရ

အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောတဲ့နေရာမှာ စစ်တပ် ပြိုကွဲအောင် ဒါမှမဟုတ် စစ်တပ်ရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုခြင်း မလုပ်ရဘူးလို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်တားမြစ်လိုက်ပါတယ်။
Read More

ဒေါနစစ်ကြောင်း၏ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို အရင် NLD အစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

စစ်ကောင်စီထံမှ ပြည်သူ့စစ် သုံးဦး ပြည်သူ့ရင်ခွင်ထံ ခိုလှုံ

ချင်းပြည်နယ်၊ ဟားခါးဒေသမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ပြည်သူ့စစ် ၃ ဦးဟာ ပြည်သူ့ရင်ခွင်ကို ပူးပေါင်းလာတယ်လို့ Chinland Defense Force – Hakha က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

နယူးယောက်မြို့ ရောင်နီ ဖျော်ဖြေပွဲ အမေရိကန်ဒေါ်လာ ၁သိန်းခွဲကျော်ရရှိ၊ ကျင်းပပြီးသည့် ရောင်နီ ၇ ပွဲမှ စုစုပေါင်း ကန်ဒေါ်လာ ၅၇၀,၀၀၀ ခန့် ရရှိခဲ့

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁၅၀,၅၀၆.၀၃ ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

ချောင်းဦးမြို့ပေါ် ရပ်ကွက်များမှ အရပ်သား ၉ ဦးအထိ စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်ထား…

" မြို့ပေါ်ရပ်ကွက်ပေါင်းစုံကနေ ဖမ်းတယ်။ စစ်တယ်။ ပြန်လွှတ်တယ်။ သတ်ချင်ရင်သတ်တယ်။ ဇူလိုင်လ ၁၈ ရက်ကတည်းက လုပ်တာဆိုတော့ အရေအတွက်က ရာနဲ့ချီနေပါပြီ။ မြို့ပေါ်မှာ ရပ်ကွက်ကြီး ၆ ရပ်ကွက်၊ ရပ်ကွက်ငယ်တွေနဲ့ဆို ၁၅ခုပေါ့။ သူတို့ကတစ်ရပ်ကွက်ချင်းကိုအထိုင်ချပြီးဖမ်းနေတာပါ။ " လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံကိုသန့် က မောင်းသတင်းဌာနကို ပြောပါတယ်။