မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက ချောင်းဆုံဂိတ်ကနေ မြိုင်မြို့စျေးကို ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၂ ယောက်ကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံး သေဆုံးပြီး MA-3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မြိုင်မြို့ပေါ် နယ်မြေတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်တွေကို ရိက္ခာဖြတ်တောက်တာတွေ၊ ဆက်သွယ်ရေး ဖြတ်တောက်တာတွေ လုပ်ဆောင်ထားပြီး မျက်ခြေမပြတ် စောင့်ကြည့်လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖတပ်ရင်း () ခွဲ () နဲ့ အတူ Joker ပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၇ ယောက်သေ တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမကျေးရွာမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ယောက်သေဆုံးပြီး တပ်ကြပ်ကြီး ၂ ယောက်အပါအဝင် ၄ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRAမှ သတင်းထုတ်ပြန်ထားပါ တယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးသွားခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း Fixed Wings ဒရုန်းရဲ့ မတော်တဆမှု ပုံတောင် TIGER PDF ထုတ်ပြန် (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း Fixed Wings ဒရုန်းရဲ့ မော်‌တာစွမ်းရည်ကျဆင်းပြီး မတော်တဆဖြစ်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပုံတောင် Tiger PDF က ထုတ်ပြန်ပြ သလိုက်ပါတယ်။
Read More

ဝမ်ပေါင်ကြေးနီယာဉ်တန်းအတွက် လမ်းလုံခြုံရေးပေးထားတဲ့ စစ်သားကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် ထိခိုက်မှုရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာလမ်းပိုင်းမှာ တွဲကား ၆၈ စီး ယာဉ်တန်းကို လမ်းလုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားကင်းပုန်းတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။
Read More

ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရွှေကျင်မြို့နယ် ကွင်းဆိပ်နဲ့ ဝင်းကံရွာကြားရှိ ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာ ဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့နယ် နမခမှ ထွက်လာတဲ့ ယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၁၅သေပြီး ၇ ယောက်အရှင်ဖမ်းမိကာ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ထွက်လာတဲ့ Jammer ယာဉ် ၃ စီးနဲ့ ချောဆွဲခံထားရတဲ့ ရိက္ခာတင်ယာဉ် ၇ စီးကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက တော်လှန်ရေးပူး ပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) ထံက သိရပါတယ်။