ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA အနေနဲ့ အညာဒေသမှာ အခြေချတော့မယ်လို့ ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ အညာတိုက်ပွဲတွေ တိုးချဲ့ဖော်ဆောင်ဖို့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။

အမှတ် (၃၀၈) အညာ စစ်ဒေသအတွက် BPLA က တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေပါပြီ။ BPLA Facebook Page Messenger ကနေလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်လို့ BPLA ရဲ့ စုဆောင်းရေးနဲ့ စိစစ်ရေးဌာနက ထုတ်ပြန်ပါတယ်။

BPLA အနေနဲ့ အညာဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းတွေ အပါအဝင် တခြားသော တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း အသိပေးပြောကြားထားပြီး ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသမှာ စစ်ဆင်ရေးတွေကို အခြေစိုက်လှုပ်ရှားလာခဲ့တဲ့ BPLA ဟာ အညာမှာ စစ်မျက်နှာတစ်ခု တိုးချဲ့ဖွင့်လှစ်လာခြင်းလည်း ဖြစ်ပါတယ်။

ဗမာတိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ BPLA ဟာ အညာဒေသက မိမိအိမ်ကို ပြန်လာခြင်းသာဖြစ်တယ်လို့ အစောပိုင်းမှာ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

‌BPLA အနေနဲ့ အညာဒေသကို ရောက်ရှိအခြေချလာခြင်းအပေါ် အညာအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ကြိုဆိုကြောင်း အသီးသီးပြောကြားထားပြီး အတူတကွ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပြုလုပ်မယ်လို့ ဆိုကြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ မြန်မာပြည်အလယ်ပိုင်း မကွေး၊ မန္တလေး၊ စစ်ကိုင်းဒေသတွေထဲက ဘယ်ဒေသမှာ အခြေစိုက်မယ်ဆိုတာကိုတော့ BPLA ဘက်က  အတိအကျ ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တက်ကြွလှုပ်ရှားသူ ကဗျာဆရာလဲ ဖြစ်သူ မောင်ဆောင်းခ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ BPLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ရေးအတွေ့အကြုံလည်း ရရှိထားပြီးပြီဖြစ်ပါတယ်။

ဒါ့အပြင် BPLA ဟာ လက်ရှိအချိန်ထိ မြန်မာပြည်တောင်ပိုင်း KNU ထိန်းချုပ်ရာဒေသတွေက စစ်ကောင်စီနဲ့ တိုက်ပွဲတွေမှာ KNLA PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားနေပြီး စစ်ရေးအရ အတွေ့အကြုံရင့်ကျက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ BPLA အနေနဲ့ မြန်မာပြည်အလယ်ပိုင်းရောက်ရှိလာခြင်းဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပြီး အတူတကွ ညှိနှိုင်းစေ့စပ်ကာ စစ်အာဏာရှင်တော်လှန်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံတန်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ကနေ လက်ပံတန်းမြို့နယ်အပိုင် ရိုးမထဲ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုကို အပြီးသတ် အနိုင်ယူရေး PDF တပ်မှူးကြီးများ အစည်းအဝေး ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၅) ကို အောင်မြင်စွာ ၃ရက်တာ ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ယောက်သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းထဲက စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကောလင်းနှင့် ဝန်းသိုတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် ၆ လုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောလင်းခရိုင် တပ်ရင်း ၁ - Kawlin People Defence Force က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ခုခံတိုက်ခိုက်ရင်း ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရှမ်းတောင်/ ကယား (ကရင်နီ) စစ်တိုင်းဌာန၊ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ပါတယ်။