ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို ဒရုန်းနဲ့ တိုက်ခိုက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ရေပူကျေးရွာကို ပထမအကြိမ် ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထပ်မံတိုက်ခိုက်ဖို့ ပြုလုပ်စဉ် ရှမ်းတောင်ဗျူဟာ ၂ ပူးပေါင်းစစ်ကြောင်း ရဲဘော်တွေက ဒရုန်းကို ပြန်လည်ပစ်ချဖျက်ဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သရက်ကန်ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ လက်နက်ခဲယမ်းတချို့ တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူစောထီး ၃ ယောက်သေပြီး ပြည်သူ ၄၆ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ချေဆေးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ချေဆေးကျေးရွာကို ဒီနေ့ စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းက အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသထံက သိရပါတယ်။
Read More

ဧရာဝတီမြစ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်ကောင်စီလက်အောက်ခံများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း သွားလာနေတဲ့ သင်္ဘောတွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဧပြီ ၂၃ ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF ထံက သိရပါတယ်။
Read More

မိုင်းဆွဲခံရပြီး အထိနာသွားသည့် စစ်ကော်မရှင်တပ် ရွာအတွင်းဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးကာ တန်ဖိုးရှိပစ္စည်းများ ခိုးယူ (ရုပ်/သံ)

တနင်္သာရီတိုင်း မြိတ်-ထားဝယ်လမ်းပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမအတိုင်း လာတဲ့ စစ်ကော် မရှင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထား ပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ကဆောမဲ (ဆင်စွယ်) စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကရင်ပြည်နယ်၊ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေက စစ်ကောင်စီတပ်ရဲ့ တောင်သုံးလုံးစခန်းနဲ့ ကဆောမဲ (ဆင်စွယ်)စခန်းတွေကို အမှတ် (၅) တပ်မဟာ  KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအလောင်း ၁၀ ယောက်နှင့် သေနတ် ၁၁ လက်၊ ၆၀ မမ ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သရော်ကုန်ရွာဘုန်းကြီးကျောင်းကနေ အင်အား ၇၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၇ ရက်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ထံက သိရပါတယ်။