မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားတဲ့ အမ်းပဒါန်းလမ်းပိုင်းက စစ်တပ်ကင်းစခန်းတွေ တပြိုင်နက်တည်းစီးနင်းတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၀ယောက် သေဆုံးကြောင်း People’s Revolution Alliance ထံက သိရပါတယ်။

နိုဝင်ဘာ ၅ရက် မနေ့က မနက်ပိုင်းမှာ အမ်းပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးရွာထိပ်၊ ဘုံဘောလမ်းဆုံနဲ့ မိုင်တိုင် ၁၁မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်း၂ခုကိုပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်စီးနင််း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ကင်းစခန်းတွေအတွက် စစ်ကူတွေ ထပ်မံရောက်ရှိလာသလို နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေလည်း ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်နေတဲ့အတွက် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ PRA -Magway က ထုတ်ပြန်ပါတယ်။

ကင်းစခန်း ၂ခုက ၁ခုနဲ့ ၁ခု မီတာ ၅၀၀ အကွာမှာရှိတယ်ပေါ့။ ၂ခုပေါင်းအင်အား ၃၅လောက်ရှိပါတယ်။ ကျနော်တို့အနေနဲ့ ဒီစခန်းတွေကို ရှင်းလင်းရေးလုပ်နိုင်ခါနီးမှာ အခြားစခန်းတွေကနေ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ကူတာမျိုးခံရတယ်။ နတ်ရေကန်ကလည်း ဟောင်ဝစ်ဇာနဲ့ပါ ထုနေတော့ ညှပ်ပိတ်မိမှာစိုးတဲ့အတွက် ပြန်ပြီးဆုတ်ခဲ့ရတာပါ။လို့ People’s Revolution Alliance (PRA-Magway) ရဲ့စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ပြောပါတယ်။

ဒီစီးနင်းတိုက်ခိုက်မှုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA -Magway) နဲ့အတူ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မင်းဘူးခရိုင် အမှတ် ၂တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

People’s Revolution Alliance (PRA-Magway) ၏ ထုတ်ပြန်ကြေညာချက်

ဒါ့အပြင် တိုက်ပွဲထဲ ထိခိုက်သေဆုံးသူတွေကို ကျန်ရှိတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက နတ်ရေကန်လမ်းဟောင်းအတိုင်း ကားတွေ ဆိုင်ကယ်တွေနဲ့ ပြန်ပြီးသယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီအားထားရတဲ့ ကာကွယ်ရေးလက်နက်ပစ္စည်းစက်ရုံတွေအပါအဝင် ပုသိမ်မုံရွာ လမ်းကြောင်းလိုမျိုး ပို့ဆောင်ဆက်သွယ်ရေးအချက်အချာကျတဲ့ လမ်းပိုင်းတွေရှိရာ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသကို စိုးမိုးနိုင်ဖို့အတွက် ရှေ့ပြေးလှုပ်ရှားတဲ့အနေနဲ့ အန်းပဒါန်းလမ်းပိုင်းကို ထိန်းချုပ်ဖို့ကြိုးစားနေတာ ဖြစ်ကြောင်း PRA -Magway က ထုတ်ပြန်ထားပါတယ်။

ကျနော်တို့လှုပ်ရှားနေတဲ့ စေတုတ္ထရာမှာဆို ကပစ ၂၀ရှိတယ်။ ငဖဲမှာ ကပစ ၁၄ ရှိတယ်။ နောက်ထပ် မင်းဘူးတို့ ဂန့်ဂေါတို့ဘက်တွေမှာလည်း ကပစတွေထပ်ရှိသေးတယ်ပေါ့။ ဒါတွေက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသတွေမှာ ရှိတာပေါ့နော်။ အဲ့ဒါအပြင် မြန်မာပြည် တောင်နဲ့မြောက်ကို ဆက်သွယ်ထားတဲ့ ပုသိမ်မုံရွာလမ်းပိုင်းလည်းရှိတော့စစ်ကောင်စီအတွက်အဓိကအသက်သွေးကြောဒေသလို့တောင်ပြောလို့ရတယ်ပေါ့နော်။

သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေလည်း ရှိသေးတယ်။ ဒါကြောင့် ဒီဒေသကိုသာ ထိန်းချုပ်စိုးမိုးနိုင်ရင် စစ်ကောင်စိပြိုလဲမယ့်လမ်းစလို့တောင် ပြောလို့ရပါတယ်လို့ People’s Revolution Alliance (PRA-Magway) ရဲ့စစ်ဦးစီးချုပ် ကိုနောင်သူရိန်က ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်းပဒါန်းလမ်းပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မျှော်စင်ပေါ် ကင်းစောင့်နေသည့် ပျူစောထီး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီရွာက ပျူစောထီးတစ်ယောက် မျှော်စင်မှာ ကင်းစောင့်နေချိန် စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ဗစ်တာ‌ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြည်သူတွေလက်မခံတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် စစ်အုပ်စု ကြေညာ

ပြည်တွင်းစစ် ပြင်းထန်စွာဖြစ်ပွားနေတဲ့အကြား စစ်အုပ်စုက သူတို့ရဲ့ ထွက်ပေါက်ဖြစ်စေမယ့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ပြုလုပ်မယ်လို့ ဩဂုတ်လ ၁၈ ရက်က ကြေညာခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ဦး လက်နက်ယူဆောင် အလင်းဝင်လာခဲ့

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သား ၃ ယောက်ဟာ လက်နက်အချို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ Women, Peace and Security (WPS) သင်တန်း ကျင်းပခဲ့ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF (ကျောင်းသားတပ်မတော်) ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းရှိ ရဲဘော်တွေအတွက် ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်မှာ Women, Peace and Security (WPS) သင်တန်း ကျင်းပခဲ့တယ်လို့ ABSDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် စစ်ကော်မရှင်ကို ငွေပေးပြီး လောင်းကစားဝိုင်းလုပ်နေသည့် ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်း…

" ရာအိမ်မှူးစလုပ်တာက စကစလက်အောက်ကျမှပါ၊ သူ့ကြောင့် ဖမ်းဆီးခံရတာမျိုးထက် ပေါ်တာအဆွဲခံရတာမျိုးတွေတော့ ရှိပါတယ်၊ သူလက်ထောက်ချတာပေါ့ ၊ စစ်တပ်ကို ငွေပေးပြီး လောင်းကစားဝိုင်း အဓိက ကြက်ဝိုင်း အမြဲလုပ်လေ့ရှိပါတယ်၊ နောက်ပြီး စစ်မှုထမ်းကြေးကောက်တာ၊ စကစတွေကင်းပတ်ရင် အတူလိုက်ပါတာတွေရှိပါတယ်" လို့ BRA တပ်ခွဲမှူး ရဲဘော်လကျ်ာက မောင်းသတင်းဌာနကို ပြောပါတယ် ။