မကွေးတိုင်း မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးတွေကို ဒီနေ့ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့ထံက သိရပါတယ်။

ပျူတွေဆီကနေ M16သေနတ် ၂ လက်၊ G3 ၁ လက်၊ 5.56 ကျည် ၁၈၀ တောင့်၊ G3ကျည် ၈၀ တောင့်၊ ဖုန်း၂လုံးနဲ့ Icon တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို 8+အညာမြေတပ်ပေါင်းစု၊ M.V.P Revoulation force၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့မြိုင်၊ UAV frighter၊ မဟူရာအလင်းတန်းပြောက်ကျား၊  Phoneix People Defence Force Scopion People Defence Force  ဋ္ဌေးအောင်ပြောက်ကျားတပ်ဖွဲ့နဲ့ ဇာမဏီ Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအောက်စျေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ကိုထိန်လင်းက ဆို (ရုပ်/သံ)

လွတ်လပ်ရေးနေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဝန်းဝန်ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ရုပ်သံကတဆင့်ပြောကြားလိုက်ပါတယ်။
Read More

ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ Fixed Wings ဒရုန်း ၆ စီး အသုံးပြုပြီး ၆၀ မမ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မယ်ဆိုင်မှ တာချီလိတ်သို့ ပို့ဆောင်မည့် လက်လုပ်ပစ္စတို ၂၅ လက်အား သုံးဘီးယာဉ်အတွင်း ဖမ်းမိ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို ဝင်ရောက်မယ့် သုံးဘီးယာဉ် ၁ စီးအတွင်းကနေ လက်လုပ်ပစ္စတို ၂၅ လက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ပစ်ခတ်တိုက်ခိုက်၊ အရာရှိ ၃ ဦးအပါ ၈ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရော့ကတ်အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။