စစ်ကိုင်းတိုင်း၊ မင်းဘူးမြို့နယ် ပုသိမ်မုံရွာကားလမ်းပေါ်မှာ အကြမ်းဖက်စစ်တပ်စစ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ကျန်နေခဲ့တဲ့ ကားတွေလာသယ်တဲ့ စစ်အုပ်စုကို ထပ်မံတိုက်ခိုက်ခဲ့တယ်လို့  တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒီလို ထပ်မံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အရပ်ဝတ်ကားတွေ ကရိန်းကားတွေနဲ့ ပြန်လာသယ်တာဗျ။ သတင်းရလို့ စောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။အောက်တိုဘာလ ၃၀ရက်နေ့ မနက် ၁၁နာရီကျော်မှာ စစ်သား ၄ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ များတယ် ။ အရပ်ဝတ်အရပ်ကားတွေနဲ့ လာသယ်တဲ့အချိန် တိုက်ခိုက်လိုက်တာလို့ မင်းဘူးခရိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ဒုတိယအပတ်လောက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ကားတွေဖြတ်သွားချိန် တိုက်ခိုက်ခံရလို့ပျက်စီးကျန်နေခဲ့တဲ့ ယာဉ်တွေကို လာသယ်တဲ့အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မင်းဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေဟာ အရပ်သားအသွင်ယူကာ လှုပ်ရှားမှုတွေ ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း သတင်းထောက်လှမ်းပြီး ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်နေတာပါ။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြည်သူထိခိုက်မှုမရှိအောင် ဦးစားပေးလုပ်ဆောင်နေပေမယ့် ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေရှိတဲ့ နေရာတွေကို ရှောင်ရှားသွားလာကြဖို့ သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှ ဖမ်းဆီးပြန်ပို့ခံရပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရသည့် လူငယ် ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ ပလောက်မြို့မှာ အပတ်စဥ် ၁၁ စစ်မှုထမ်းသင်တန်းအတွက် အဓမ္မစစ်သားစုဆောင်းခံရသူ လူငယ် ၄ ယောက်ဟာ ဘက်ပြောင်းခိုလှုံအလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ရဲ့ စစ်ရေးဗျူဟာတွေကို အလေးထား လိုက်နာဖော်ဆောင်ဖို့ ယော PDF တပ်ဖွဲ့ဝင်တွေကို မှာကြား

အမျိုးသားညီညွတ်‌ရေးအစိုးရရဲ့ မူဝါဒတွေကို လိုက်နာပြီး စစ်ရေးအရ တိကျသေချာစွာ ဖော်ဆောင်နိုင်ဖို့ အရေးကြီး တယ်လို့ ယော ဗျူဟာ (၈၁)ရဲဘော်တွေကို ခရိုင်ကွပ်ကဲရေးမှူးက မှာကြားခဲ့ကြောင်း (၈၁) ယောဗျူဟာက အသိပေးထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲကာ ကပစ ၁၄ ပို့ခံထားရသည့် စစ်ကော်မရှင်တပ်သား ၄ ဦး အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ် ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်းတပ်သား ၄ယောက် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းမှ စစ်မှုထမ်းတပ်သား ၅ ဦး အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၅ ယောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်-၂ တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။