ကူမင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်ဟာ မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ ၈ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး၊ ၁၀ ကြိမ်မြောက် ဧရာဝတီကျောက်ဖရားမဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် ကမ္ဘောဒီးယားလာအိုမြန်မာဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ အင်္ဂါနေ့မနက်မှာ ကူမင်းကို သွားရောက်ခဲ့တာပါ။

ဆွေးနွေးပွဲကို ယူနန်ပြည်နယ်၊ ကူမင်းမြို့က Hualuxe hotel မှာ ပြုလုပ်ခဲ့ပြီး မြန်မာ့လျှပ်စစ်ဓာတ်အား ဖွံဖြိုးမှုစီမံကိန်း၊ EV ကဏ္ဍနဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေအပါအဝင် အခြားကဏ္ဍတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ်

မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်သလို စစ်ကောင်စီအနေနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ယုံယုံကြည်ကြည် လာရောက်ရင်းနှီးမြှုပ်နှံနိုင်သလို လာရောက်ဆွေးနွေးနိုင်ကြောင်း စစ်ခေါင်းဆောင်က ပြောသွားခဲ့တာပါ။

ဒီနေ့ နိုဝင်ဘာလ ၅ ရက် မနက်ပိုင်း အာဏာသိမ်းစစ်‌ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်ခရီးစဉ်ထွက်ခွာပြီး နာရီပိုင်းအကြာမှာပဲ နေပြည်တော် အေလာလေဆိပ်၊ လေယာဉ်ပြေးလမ်းအနီးမှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့လည်း စစ်တပ်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကမ္ဘာ့အသိုင်းအဝိုင်းအကြား အပယ်ခံဖြစ်နေတဲ့ စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားကို စစ်ရေး၊နိုင်ငံရေးအရ အထူးအားကိုးနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစဉ်

တရုတ်အစိုးရက နှစ်နိုင်ငံအစိုးရချင်း တရားဝင်တွေ့ဆုံဖို့ သီးသန့်ဖိတ်ကြားချက် မဟုတ်တဲ့တိုင် တရုတ်ဦးဆောင်ကျင်းပတဲ့ ဒီလိုထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခွင့်ရတဲ့အပေါ်  နိုင်ငံတကာတရားဝင်မှုအဖြစ် စစ်ကောင်စီက သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း မင်းအောင်လှိုင်ဟာ ရုရှားကို အကြိမ်ကြိမ်သွားရောက်ခွင့်ရခဲ့ပြီး သမ္မတပူတင်နဲ့ တွေ့ဆုံနိုင်ခဲ့ပေမယ့် သူ့ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်ကတော့ ၄ နှစ်နီးပါးအထိ ကြာမြင့်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ တွေ့နိုင်ဖို့ကလည်း မသေချာလှပါဘူး။

0 Shares:
You May Also Like
Read More

နယူးယောက်တွင် ရောင်နီ မဖျော်ဖြေခင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် ငြိမ်သက်ဆုတောင်းခဲ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ရောင်နီ ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး ပွဲမစတင်ခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ တစ်မိနစ် ငြိမ်သက် ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။
Read More

စစ်ခေါင်းဆောင်ကို BIMSTEC အစည်းအဝေး တက်ရောက်ခွင့်ပြုမှုအပေါ် NUG ကန့်ကွက်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

PTTEP အနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှုများကို ချက်ချင်းရပ်တန့်ဖို့ JFM တောင်းဆို

ထိုင်းနိုင်ငံ ရေနံကုမ္ပဏီ PTTEP အနေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ပတ်သက်နေမှုကို ချက်ချင်းရပ်တန့်ပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာဘက်မှာ လူကုန်ကူးခံထားရသူတွေကို တစ်ရက် လူ ၅၀၀ နှုန်း ထိုင်း လွှဲပြောင်းလက်ခံမယ်

မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေထံမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်က တစ်ရက်ကို လူ ၅၀၀ နှုန်း လက်ခံသွားဖို့ သဘောတူထားကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၁၅ရက် ဒီနေ့ ပြုလုပ်ခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ်ကော်မတီ အစည်းအဝေးမှာ နှစ်နိုင်ငံကြား အခုလို သဘောတူညီခဲ့တာ ဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။
Read More

မြန်မာ့အရေး အစည်းအဝေးနှစ်ခု လာမယ့်အပတ်ထဲ ကျင်းပမည်ဟု အာဆီယံ ပြော

အာဆီယံအနေနဲ့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေး အထူးအစည်းအဝေးနှစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

မြန်မာဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့ နိုင်ငံတွေကြားမှာ ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြော

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရNUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ (Global Democracy Trends) ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။