ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီးနောက် ပြန်ဆုတ်ချိန်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ ရက်နေ့ကတည်းက ကြို့ပင်ကောက်မြို့နယ်၊ ကန့်နီကျေးရွာအနီးက ဘော်ဘင်တိုက်ဆိုတဲ့နေရာကိုစတင်မီးရှို့ပြီးနောက် စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေက ရွာတွေကို လက်မလွှတ်ရရေးအတွက် ခုခံခဲ့ပေမယ့် လူအင်အားနဲ့ လက်နက်အင်အား မမျှတမှုကြောင့် တချို့ရွာတွေကိုလက်လွှတ်ကာ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက အေးလေးရွာကို ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူအယောက် ၆၀ နီးပါး ကို ဖမ်းဆီးထားပြီး ၁ ညအိပ် စခန်းချခဲ့တယ်လို့ သိရပါတယ်။

အေးလေးရွာက အယောက် ၆၀ က တချို့ကို ပြန်လွှတ်ပေးပြီး တချို့လည်း ဖမ်းဆီးခံထားရဆဲပါ။ စစ်ကြောင်းဝင်ထားတော့ နောက်ဆက်တွဲကို စုံစမ်းမရဖြစ်နေပါတယ်။ အေးလေးရွာမှာ မီးရှို့ တစ်ည စခန်းချပြီး နောက်ရက်မှာ ကပ်လျက်ရွာ သင်္ခရိုင်ရွာကို ဝင်တာ” လို့ NLD ပါတီ (ပဲခူး) တိုင်း၊သတင်းပြန်ကြားရေးတာဝန်ခံကိုမျိုးဇေယျာ‌က မောင်းကို ပြောပါတယ်။

နောက်တစ်ရက် ၂၉ ရက်နေ့မှာတော့ သင်္ခရိုင်ရွာကို စစ်ကြောင်းဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းက မေတ္တာရိပ်ပရဟိတကျောင်း ထဲမှာရှိနေတဲ့ ကျောင်းသူ/သားကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၉ ယောက်ကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၈၊၂၉၊ ၃၀ ရက်တွေမှာ စစ်ကောင်စီစစ်ကြောင်းဟာ ကြို့ပင်ကောက်အတွင်းက ပြည့်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကျေးရွာ ၇ ရွာကို မီးရှို့ဖျက်ဆီးကာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူတွေကို ဇီးကုန်းမြို့ အရှေ့ဘက်ခြမ်း၊ ဘော်ဘင်ရွာက အထိုင်ချစခန်းနေရာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

သူကပဲ ဆက်လက်ပြီးစကစ စစ်ကြောင်း မရောက်ခင်မှာပဲ သင်္ခရိုင်ပရဟိတကျောင်းထဲမှာရှိတဲ့ ကျောင်းသား/ကျောင်းသူ၊ ကိုယ်ရင်၊ သီလရှင်အပါအဝင်ပေါ့နော် ၁၀၀ နီးပါး ထွက်ပြေးကြရပြီး မပြေးနိုင်တဲ့ သက်ကြီးပိုင်းဘုန်းကြီးတချို့ နဲ့ အဖိုးအဖွားတချို့သာ ကျန်ခဲ့တယ်လို့ သိရပါတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်း တောင်ရင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို PDF ဝင်တိုက် အထိနာသွားတဲ့ စစ်ကောင်စီတပ်က အရပ်သား ၃၀နီးပါးကို ဓားစားခံလုပ်ဖမ်းဆီးပြီး ပြန်ဆုတ်သွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စခန်းချရာနေရာတွေ ဝင်ရောက်တိုက်ခိုက်ခံလိုက်ရတဲ့ စစ်ကောင်စီက ပြည်သူအယောက် ၃၀နီးပါးကို လူသားဒိုင်းလုပ် ဖမ်းဆီးခဲ့ကြောင်း ရွှေဘိုခရိုင် ၊ အမှတ် ၁၈ တပ်ရင်း၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ နပခ က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း ၁၂ ယောက်ကို ဖမ်းဆီး ထိန်းသိမ်း ဆေးကုပေးနေ

ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း  ၁၂ ယောက်ကို စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားသလို ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) က ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုမြို့ ရှေ့တန်းတစ်နေရာတွင် KNPDP တပ်ရင်းအမှတ်(၃) မှ ၂၃ နှစ်အရွယ် ရဲဘော်ဂျေရုန်း ကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ Karenni National Peace and Development Party (KNPDP) တပ်ရင်းအမှတ် ၃ က ရဲဘော်ဂျေရုန်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ULA/AA ၏ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ ရက္ခိုင့်တပ်တော် AA ရဲ့ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဦးဦးလှစောဟာ မနေ့က ညပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Brother Defense Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူတွင် အင်အား ၂၀၀ပါ စစ်ကောင်စီကားတန်းတိုက်ခိုက်ခံရ ၊ စစ်သားနှင့်ပျူစောထီး ၆ ဦးသေပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိ…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီကားတွေကို မိုင်းဆွဲပစ်ခတ်ရာမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၆ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပွင့်ဖြူမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။