အမ်းမြို့နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးက စစ်ကောင်စီတပ်ရင်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။

အမ်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကို အာရက္ခတပ်တော်(AA)က ဒီနေ့  အောက်တိုဘာလ ၂၈ ရက်နေ့မှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိနေသလို တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့လည်း သိရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာရှိတဲ့ တပ်ရင်းအများစုကို AA က ပိတ်ဆို့တိုက်ခိုက်နေသလို အမ်းမြို့ ပတ်ပတ်လည် ကုန်းလမ်းအားလုံးကိုလည်း ပိတ်ဆို့ထားပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အမ်းမြို့အနီးတဝိုက် AA က ထိုးစစ်ဆင်တိုက်ခိုက်နေမှုဟာ ၁လကျော်နီးပါး ကြာမြင့်နေပြီဖြစ်ပြီး အခုရက်ပိုင်းအတွင်းမှာတော့ စစ်ဌာနချုပ်အနီးက တပ်စခန်းတွေအထိ ခြိမ်းခြောက်တိုက်ခိုက်လာနိုင်တာ ဖြစ်ပါတယ်။

အမ်းဒေသကို ပတ်ပတ်လည်မှာ AA က ပိတ်ဆို့ထားလိုက်တာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ရိက္ခာပို့တာ၊ လူအင်အားပို့ဆောင်တာတွေကို ပြုလုပ်နေရပြီး AA ရဲ့ ထိုးစစ်ဆင်နေမှုကို Y-8၊ ဂျက်ဖိုက်တာ အစရှိတဲ့လေယာဉ်တွေနဲ့ လေကြောင်းပစ်ကူရယူကာ ခံစစ်အသွင် ခုခံနေရတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းကို မကျရေး စစ်ကောင်စီက အဓိကထား ပြင်ဆင်နေတာဖြစ်ပြီး AA က မောင်တောနဲ့ ဂွဒေသက သူတို့ရဲ့စစ်သည်အင်အားတွေကို အမ်းကိုပို့ဆောင်ပြီး အင်အားအမြောက်အမြားနဲ့ တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

တပ်ရင်းတပ်စခန်းတွေများတဲ့ အမ်းဒေသမှာ AA အနေနဲ့ စစ်ဌာနချုပ်ရရှိဖို့ ခက်ခက်ခဲခဲ တိုက်ခိုက်ရဖွယ်ရှိနေတယ်လို့လည်း စစ်ရေးလေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။

AA ကတော့ အမ်းဒေသကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ရွှေ့ပြောင်းများကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဖို့ အိန္ဒိယအစိုးရညွှန်ကြား

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် အိန္ဒိယအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း အိန္ဒိယသတင်းတွေက မေလ ၁၉ ရက်မှာ ဖော်ပြထားကြပါတယ်။
Read More

ရှမ်းနီအမျိုးသားတပ် SNA တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တပ်မဟာ (၆၁၄) က တပ်သားတစ်ယောက် လက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်လို့ People’s Defence Force Katha District B - 04 ဆီက သိရပါတယ်။
Read More

ကာလဝမ်းရောဂါအခြေအနေကြောင့် ထိုင်း-မြန်မာ နယ်စပ် တစ်လပိတ်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရွှေကုက္ကိုလ်မှာ လတ်တလော ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ အခြေအနေတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်ကို တစ်လပိတ်မယ်လို့ ထိုင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့မှာ ကင်းပုန်းဝပ်ပြီး လူငယ်တွေကိုပေါ်တာဆွဲနေ

ဧရာဝတီတိုင်းထဲက မြို့နယ် ၆ ခုမှာ အကြမ်းဖက်စစ်တပ်က ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲမှုတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ သတင်းပေးတဲ့ လူတချို့ကို မွေးထားပြီး ဝင်ရောက်ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူ ကပစ – ၂၂ မှ တက်လာသည့် စက်တပ်လေထီး ၂ စီးကို ပကဖ ပစ်ခတ်တိုက်ခိုက်၊ စက်တပ်လေထီး မောင်းသူ ၁ ဦး ပေါင်ကို ကျည်ထိမှန်ပြီး ဖြတ်တောက်ခံရနိုင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၂၂)က တက်လာတဲ့ စက်တပ်လေထီး Paramotor ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။