စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ရွှေဘိုမြို့နယ် အနောက်ခြမ်းက သီလုံး (ပျူစောထီး) ရွာမှာ ပျူစောထီးမင်္ဂလာဆောင်ရှိတယ်လို့ သတင်းရတာကြောင့် ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Shwebo Crocodile (ဗိုလ်မိကျောင်း) ၏ ရုပ်သံမှတ်တမ်းမှ Screenshot)

အဲဒီနောက် ၂၄ ရက်နေ့မှာလည်း အဲဒီသီလုံးရွာက ပျူစောထီးအထိုင်စခန်းရှိရာ နေရာတွေကို ဒရုန်းနဲ့ ဗုံး၂ လုံး ကြဲချကာ ပန်ရံရွာက ဂိတ်ကို ကြဲချချိန်မှာတော့ ပျူစောထီးဖြစ်သူ အောင်ကျော်ရဲ့ကား ရောက်ရှိလာတာကြောင့် သူ့ရဲ့ကား ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

၂၅ ရက်နေ့ ညအချိန်မှာလည်း  မြင်းချင်းကျေးရွာက ဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲနေတဲ့  ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီး၂ လုံး ကြဲချတိုက်ခိုက်ရာပျူစောထီး ၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Shwebo Crocodile (ဗိုလ်မိကျောင်း) ၏ ရုပ်သံမှတ်တမ်းမှ Screenshot)
(ဓာတ်ပုံ Shwebo Crocodile (ဗိုလ်မိကျောင်း) ၏ ရုပ်သံမှတ်တမ်းမှ Screenshot)

သီလုံးပျူရွာက ပျူစောထီးတွေဟာ ပြည်သူနေအိမ်တွေထဲမှာ ဝင်ရောက်အိပ်စက်နေတယ်လို့ သတင်းရတာကြောင့်  ဒရုန်းနဲ့ ဗုံးသီး () လုံး ကြဲချခဲ့ပါတယ်။အဲဒီအထိနာသွားတဲ့ ပျူစောထီးတွေက ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး သူတို့အထိုင်ချထားတဲ့နေရာတွေကိုလည်း ဘန်ကာတွေ ပြုလုပ်နေတာကြောင့် ၂၇ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုနောက်ခြမ်းက ပျူစောထီး ကျေးရွာတွေပေါ့နော်။ သီလုံး ပျူရွာ၊ ပန်းရံ ပျူရွာ၊ မြင်းချင်း ပျူရွာ၊ မင်္ဂလာရွာသစ် ပျူရွာ၊ Drone နဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တာဗျ။ ဒီက ပျုတွေက ပြည်သူတွေ မနေတော့တဲ့ အိမ်က ပစ္စည်းတွေကို ရောင်းတယ်။ ဘန်ကာတွေ ဆောက်တယ်။ အသုံးမလိုတဲ့ အိမ်တွေဆို မီးရှို့နေကြတယ်။ အဲ့ဒါကြောင့် သွားတိုက်ခဲ့တာပါ။ ဆက်ပြီးလည်း စစ်ရေးအရှိန်မြှင့်သွားဖို့ ရှိပါတယ်လို့ Shwebo Crocodile အဖွဲ့ခေါင်းဆောင် ဗိုလ်မိကျောင်းက မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ Shwebo Crocodile (ဗိုလ်မိကျောင်း) ၏ ရုပ်သံမှတ်တမ်းမှ Screenshot)
(ဓာတ်ပုံ Shwebo Crocodile (ဗိုလ်မိကျောင်း) ၏ ရုပ်သံမှတ်တမ်းမှ Screenshot)

ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့စဉ်အတွင်း စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ တိုက်ခိုက်မှုတွေကိုတော့ Shwebo Crocodile M.S.N ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (ဝလ) ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့  ၊ စွန်ရဲရွှေဘို ဒေသခံအဖွဲ့ (LDF) ၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Shwebo Federal Army HG FIGHTRS Zay Yar Thwed Yaung Ni Fire dragon Force  Eye For Eye၊ မြင်းဖြူရှင် အဖွဲ့၊ Bo Ba Taw နဲ့ မဟာမိတ်ဖြစ်တဲ့  ဗိုလ်လင်း‌ရောင် (ဒပယ )၊ ဇာမဏီဒေါင်း၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ပေါင်းစု ညီအကိုတွေ ပူးပေါင်းဖော်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Shwebo Crocodile (ဗိုလ်မိကျောင်း) ၏ ရုပ်သံမှတ်တမ်းမှ Screenshot)
(ဓာတ်ပုံ Shwebo Crocodile (ဗိုလ်မိကျောင်း) ၏ ရုပ်သံမှတ်တမ်းမှ Screenshot)
0 Shares:
You May Also Like
Read More

ဘုတ်ပြင်းမှာ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားသူတွေကို စစ်ကောင််စီတပ်နှင့်ရဲ ပစ်ခတ်ဖမ်းဆီး၊ အမျိုးသား ၁ ယောက် သေဆုံး၊ ၆ ယောက်ထိခိုက်ကာ အယောက် ၆၀ နီးပါး ဖမ်းဆီးခံထားရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ နယ်စပ်ဖြတ်ကျော်ဖို့ကြိုးစားတဲ့ အမျိုးသားတွေ ပစ်ခတ်ဖမ်းဆီးခံရပြီး ၁ယောက်သေဆုံးကာ ၆ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ဦး PNLA ဆီ ထွက်ပြေးခိုလှုံလာ

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တစ်ယောက်က စစ်ကောင်စီတပ် နှိပ်စက်တာကို မခံနိုင်တော့တာကြောင့် ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ထုတ်ပြန်ပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ကန်နီပျူရွာထဲ ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ၊ မြေပြင်ကပါ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းတွေနဲ့ သွားရောက်ဗုံးချရင်း မြေပြင်မှာပါ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ကြောင်း ဗစ် တာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဖေဖော်ဝါရီ ၂၅ ရက်မှာ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ရဲတပ်သားတွေကို မိုင်းဆွဲ၊ ၁ ဦးသေကာ ၂ ဦး သေဆုံးနိုင်ခြေရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်သား (၁)ယောက် သေဆုံးပြီး (၂) ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) ထံက သိရပါတယ်။ 
Read More

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကနေ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီကို ဖယ်ရှားပေးဖို့ အရပ်ဘက်အဖွဲ့အစည်း (၈၀) ကျော်က အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ သက်ဆိုင်ရာထံ အိတ်ဖွင့်ပေးစာတစ်ရပ် ပေးပို့တောင်းဆိုလိုက်ပါတယ်။