မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မဲဇလီရှောက်တောလမ်းပိုင်းမှာ အရပ်သားတွေဆီက မတရားငွေညှစ်တောင်းခံနေတဲ့ စစ်ကောင်စီဂိတ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူ ၁ယောက် နေရာမှာတင် ခေါင်းပွင့်သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ်အမှတ်၄ တပ်ရင်းတာဝန်ရှိသူက မောင်းကိုအတည်ပြုပြောဆိုပါတယ်။

အောက်တိုဘာ ၂၁ရက်၊ မနက်အစောပိုင်းက ပွင့်ဖြူမြို့နယ်၊ မဲဇလီရှောက်တောလမ်းပိုင်း၊ မဲဇလီရွာနဲ့ ထန်းတောရွာကြားမှာရှိတဲ့ ဒေသအခေါ် မဖဲဝါဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ပွင့်ဖြူအခြေစိုက် ၊ ဝါစိုက်ပျိုးရေးတပ်က တပ်ကြပ် နေလင်းအောင် ဆိုသူ နေရာမှာတင် ဦးခေါင်းပွင့်သေဆုံးခဲ့ကြောင်း သိရပါတယ်။

မဲဇလီ ရဲစခန်းနဲ့နီးတဲ့ ဂိတ်ပါ။ မဲဇလီစခန်းကနေ မနက်စောစောလာတယ်။ ပုံမှန် ၅ယောက်လောက် အမြဲထိုင်ပီး လာသမျှ ကားတွေ၊ ဆိုင်ကယ်တွေဆီက ငွေညှစ်တယ်။ စစ်ဆေးရေး လုပ်တက်တယ်။ ပြီးညဘက်ကျ ပြန်သ်ိမ်းတဲ့ ဂိတ်ပေါ့။ ကျနော်တို့ကတော့ ကြိုတင် ကင်းပုန်းဝပ်ပြီး ဆွဲခဲ့တာလို့ ပြောရပါမယ်။ တပ်ကြပ် နေလင်းအောင်

ကတော့ နေရာတင် ခေါင်းပွင့်ပြီး သေသွားတာကို မျက်မြင်အတည်ပြုခဲ့ရပါတယ်လို့ မင်းဘူးခရိုင် အမှတ်အမှတ်၄ တပ်ရင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မင်းဘူးခရိုင်၊ အမှတ်၄ တပ်ရင်းအနေနဲ့ ဒီဖြစ်စဥ်မတိုင်ခင်တစ်ရက်အလို (အောက်တိုဘာ ၂၀ ရက်) ကလည်း ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သာဒွေးအောင်ရဲ့ နေအိမ်ရှေ့အပါအဝင် နယ်မြေရဲစခန်းကနေ စစ်ဆေးဖို့ ထွက်လာတဲ့ စခန်းမှူးနဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေသုံးပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

မင်းဘူးခရိုင် အမှတ် (၄) တပ်ရင်း၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ ရေလာ ကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ဆည်မြောင်းတွေ ရေစီး၊ရေလာကောင်းမွန်စေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ် ကြက်ဝိုင်းကို ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကြက်ဝိုင်းလောင်းကစားပြုလုပ်တဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် (၃၂) စီးအပါအဝင်  ကြက်(၈)ကောင်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှ စစ်တပ် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်သပိတ်မှောက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုထံက သိရပါတယ်။
Read More

ရန်ကုန်မြို့ ဟိုတယ်တစ်ခုတွင် အမျိုးသမီး ၁ဦးကို အပိုင်းပိုင်း ခုတ်သတ်ကာ အခန်းအပြင်ဘက် စွန့်ပစ်ခဲ့၊ စစ်အုပ်စုလက်အောက်တွင် ပြည်သူများ လုံခြုံမှုမရှိတော့ကြောင်း ဝေဖန်မှု မြင့်တက်နေ

ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်က Beauty Land Hotel မှာ အပိုင်းပိုင်းခုတ်ထစ်ပြီး သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကျောက်တော်မြို့နယ် စာသင်ကျောင်းပေါ် စစ်တပ် ဗုံးကြဲလို့ ၁၈ ဦး သေဆုံးမှုကို AA ၏ မူးယစ်ဂိုဏ်းစခန်းကို တိုက်ခိုင်ခြင်းသာဖြစ်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူတွေ အပါအဝင် ၁၈ ယောက် သေဆုံးခဲ့မှုကို AA စခန်းကို ဗုံးကြဲရှင်းလင်းတာသာ ဖြစ်ကြောင်း စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ရက်ချန်နယ်တွေက သတင်းအမှား ဖြန့်ဝေနေပါတယ်။
Read More

မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ခုခံတိုက်ခိုက်ရင်း ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရှမ်းတောင်/ ကယား (ကရင်နီ) စစ်တိုင်းဌာန၊ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ပါတယ်။