ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့သော်မြို့သစ်အနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာစခန်းကို စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းက KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Federal Wings မှ ထုတ်ပြန်လိုက်ပါတယ်။

ဗျူဟာစခန်းအတွင်းကနေ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးနဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကိုတော့ KNU/KNLA/KNDO ပူးပေါင်းအဖွဲ့တွေ ၊ Cobra စစ်ကြောင်း၊ Venom စစ်ကြောင်း၊ Justice Soldier PDF ၊ ရောင်နီဒရုန်းတပ်ဖွဲ့ ၊ Golden Eagle ဒရုန်းတပ်ဖွဲ့၊ Justice Soldier ဒရုန်းတပ်ဖွဲ့ တို့နဲ့အတူ Federal Wings ရဲ့ Cobra Federal Wings နဲ့ KNDO Federal Wings တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ခိုက်ရေးရဲဘော်များအတွက် ကာကွယ်ရေးပစ္စည်း တပ်ဆင်ပေးနိုင်ရန် ပဲခူးခရိုင်တပ်ရင်း ၂ ဖိတ်ခေါ် (ရုပ်/သံ)

ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေဖို့အတွက် ကာကွယ်ရေးပစ္စည်းတွေ တပ်ဆင်ပေးနိုင်ဖို့ လိုအပ်လျက်ရှိတယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) ထံက သိရပါတယ်။
Read More

တပ်ဖွဲ့တာဝန်ခံ ကိုမီးပွား (ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၁)

''ကျွန်တော်တို့ အားလုံး ရန်ကုန်ကို ပြန်ချင်နေပါပြီ။ ဒါဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းပါ။ ကျွန် တော်တို့ ပြန်လာမှာကိုလည်း စောင့်ကြိုနေကြတဲ့ ရန်ကုန်သူ၊ ရန်ကုန်သား ပြည်သူလူထုတွေဟာ လည်း မျှော်လင့်ခြင်း ရန်ကုန်ပါပဲ။ ရန်ကုန်ဟာ ကျွန်တော်တို့ မြန်မာပြည်အတွက် သည်းခြေဖြစ် တယ်''
Read More

ဒီပဲယင်းမြို့ရဲစခန်းကို လေကြောင်းကချပေးတဲ့ လက်နက်ခဲယမ်းတွေ PDF သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရဲစခန်းဆီ ဇန်နဝါရီ ၂၂ ရက်က လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပုဂံညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖထံက သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်အုပ်စုကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ပြည်သူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော် မရှင်တပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း သပိတ်မှောက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ်အတွင်း စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ General Strike Coordination Body က ထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ၊ အမျိုးသား ၁ ယောက် ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီး (ရုပ်/သံ)

ရှမ်းပြည်နယ် သီပေါမြို့ရှိ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA မှ သတင်းထုတ်ပြန်ထားပါတယ်။