ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ယူလာကာ ယမ်းထုတ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ ထပေါက်ကွဲလို့ ဒေသခံ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ဒေသခံ ၂ယောက်က ကောက်ယူပြီး ယမ်းမှုန့် ပြန်ထုတ်ဖို့ လုပ်ဆောင်ရင်း ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့သူတွေကတော့ ပန်ခါးကျေးရွာက ဒေသခံ ခွန်ဂျာချောင် အသက် ၂၇နှစ်နဲ့ ခိုမုန်းကျေးရွာက အသက် ၆၀ ရှိ ဦးညီထွမ်းတို့ ဖြစ်ပါတယ်လို့ ပန်ခါးကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၂၁ရက်နေ့တုန်းကလည်း နမ့်ဖက်ကာ မှာပဲ အမျိုးသားတစ်ယောက် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆံတစ်ခုကို ယူဆော့မိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွါးပြီးနောက် ကြွင်းကျန်နေတဲ့ လက်နက်ခဲယမ်းတွေ တွေ့ရှိရင် ဆော့ကစားခြင်း မလုပ်ဘဲ သက်ဆိုင်ရာအဖွဲ့တွေထံ အသိပေးအကြောင်းကြားကြဖို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။

မပေါက်ကွဲသေးတဲ့ ဗုံးသီးကနေ ယမ်းထုတ်ယူဖို့ ကြိုးစားရင်း သေဆုံးခဲ့ရတဲ့ ဒေသခံနှစ်ယောက် (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရ၊ နေအိမ် ၅ လုံး ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဇုန် ၃ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ရာဇဝတ်မှုများ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေသည့် စစ်ကောင်စီကို  အရေးယူနိုင်ရေး ပြည်သူတစ်ရပ်လုံး ကြိုးစားဆောင်ရွက်ဖို့ အရေးကြီးဟု ဆို 

စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးရွားရွား ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို  အရေးယူနိုင်ဖို့ တော်လှန်ပြည်သူတွေအားလုံး ကြိုးစားဆောင်ရွက်ကြဖို့  အာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ထုတ်ပြန်ပါတယ်။ 
Read More

ပျူစောထီးခေါင်းဆောင်ကို သွားရောက်ရှင်းလင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီမှ မိုင်းသမားရဲဘော် ၁ ဦး ကျဆုံးခဲ့

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ပျူစောထီးခေါင်းဆောင် အိုးပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဘိုကွီး(ခ) ခင်မောင်လတ်ကို သွားရောက်ရှင်းလင်းခဲ့တဲ့ ဖြစ်စဥ်အတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် လှကြီး (ခ) ထွန်းထွန်းနိုင်ကို ဂူသွင်းသဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီက ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ နိုဝင်ဘာ ပထမပတ်အတွင်း အရပ်သား ၈၂ ယောက်ကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

စစ်ရေးအားကောင်းတဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလ ပထမပတ်အတွင်း အရပ်သားပြည်သူ ၈၂ယောက်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

မဲပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိများအပါအဝင် စစ်သုံ့ပန်းများနဲ့ ဟောင်ဝစ်ဇာအမြောက်များအပါအဝင်် လက်နက်ခဲယမ်းအမြောက်အများ ဖမ်းဆီးသိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။