မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၅၆ က ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြား အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ထံက သိရပါတယ်။

တိုက်ပွဲ ၁ နာရီကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၈ ယောက်သေကာ  MA-11 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ 5.56mm ကျည်၂၇၅တောင့်နဲ့ အီနာဂါဗုံးသီး ၁ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရကာ ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက် မနေ့က တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ ဇီးကုန်းကျေးရွာသို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်က ဘုန်းကြီး ၁ ပါးနဲ့ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

TRI ဗျူဟာ၏ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စက်တပ်လေထီး ကြဲချပြီး မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများ မထိခိုက်စေရန် ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးကနေ ကြဲချထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က ရုပ်သံမှတ်တမ်းဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

အမျိုးသားလွတ်မြောက်‌ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြီးစီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကဘော်ဒေသ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် အပတ်စဉ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာသည့် စစ်အုပ်စုယာဉ်အား တိုက်ခိုက်မှု ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာတဲ့ ပျူစောထီးမင်းသိန်းရဲ့ ကားကို ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ Launglone Peninsula Force ထံက သိရပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ စစ်ဒေသ(၁) ရဲဘော်သစ်တွေ ခေါ်ယူ (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ဖို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF) စစ်ဒေသ(၁)၊ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၃)အတွက် ရဲဘော်သစ်တွေကို ခေါ်ယူထားတယ်လို့ သိရပါတယ်။
Read More

နဂါးဖြူတပ်ရင်းနှင့် SOF တို့ အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်ရင်းကို နဂါးဖြူတပ်ရင်းနဲ့ SOF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို White Dragon -P29904 က ထုတ်ပြန်လိုက်ပါတယ်။