ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်အတွက် ရည်စူးတဲ့ ရက်လည်အလှူကို ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ၂၀၂၁ ခုနှစ် တစ်ကျော့ပြန် စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး အိုးဘိုထောင်အတွင်း ကင်ဆာရောဂါ ခံစားနေရပေမယ့် လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိခဲ့ဘဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ရက်က မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

 

(ဓာတ်ပုံ ABSDF)

0 Shares:
You May Also Like
Read More

စစ်အုပ်စု အထိုင်ချနေရာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အထိနာသည့်စစ်တပ် လူအင်အား ဖြည့်တင်းကာ ရွာများကို စီးနင်းမီးရှို့

စစ်ကိုင်းတိုင်း၊ မြင်းမှုမြို့နယ်မှာ ဘုန်းကြီးကျောင်းဝန်းထဲ တပ်စွဲနေတဲ့ စစ်အုပ်စုတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကော်မရှင်က အနီးအနားကျေးရွာတွေထဲ စစ်ကြောင်းဝင် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Aung Tha Pyay Nyi Naung (Local PDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မင်းအောင်လှိုင် ဖျက်သိမ်းလိုက်တဲ့ ကစထ (၆) ဆိုတာ ဘာလဲ

အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
Read More

နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သား အလင်းဝင်နိုင်ခဲ့ပြီ

မကွေးတိုင်း၊ ပခုက္ကူ တပ်မ (၁၀၁) ကနေ စစ်မှုထမ်းတပ်သားတစ်ယောက် ကျည်ဘောက်နဲ့ ကျည်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PKU) ထံက သိရပါတယ်။
Read More

ပျူစောထီးအခြေစိုက် ကင်းမွန်တောရွာကို လေးဘက်လေးလံမှ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ပျူစောထီးအခြေစိုက်ရွာကို အဝေးပစ်လက်နက်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိကြောင်း Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။
Read More

အာရှလမ်းမကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ် တော်လှန်ရေးတပ်များ၏ ခုခံစစ်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရ…

“သူတို့ စိတ်ကူးပေါက်သလို လာတိုက်နေတာပဲ။ အခုလည်း တိုးလာလိုက်၊ ဒီဘက်က ချလိုက်… သူတို့ ပြန်ဆုတ်သွားလိုက်ပဲ။ အဲ့လိုပဲ လုပ်နေတာ။ တိုက်ပွဲတွေကတော့ ခနခန ဖြစ်နေတာ သူတို့ဘက်က အသေဆုံးများတယ်” လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်အုပ်စု၏ မဲစာရင်းတွင် သေတဲ့လူတွေ ပါနေပြီး အုပ်ချုပ်ရေးမှူးနှင့် အမတ်လောင်းမိသားစု မပါသည်အထိ အမှားများနေကြောင်း ဘူးလက်လှဆွေ ပြော

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေများစွာ ကွာဟနေတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မဲစာရင်းမှာ မှားယွင်းမှု များပြားနေတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်နယ်မြေဥက္ကဋ္ဌ ဘူးလက်လှဆွေက မနေ့က လူမှုကွန်ရက်ကတဆင့် ဝေဖန်ပြောဆိုလိုက်ပါတယ်။