မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၅၆ က ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြား အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်ထံက သိရပါတယ်။

တိုက်ပွဲ ၁ နာရီကျော်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၈ ယောက်သေကာ  MA-11 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ 5.56mm ကျည်၂၇၅တောင့်နဲ့ အီနာဂါဗုံးသီး ၁ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ အပြန်အလှန်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရကာ ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၂ ရက် မနေ့က တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ ဇီးကုန်းကျေးရွာသို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်က ဘုန်းကြီး ၁ ပါးနဲ့ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂိတ်ချ ပိုက်ဆံတောင်းနေသည့် ရဲ ၂ ယောက် တိုက်ခိုက်ခံရပြီး ၂ယောက်လုံး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် လက်စွေ့ရွာမှာ ဂိတ်ချပြီး လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို မတ်လ ၁၂ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံးသေပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF ထံက သိရပါတယ်။
Read More

ရန်သူ့ဘန်ကာများ ဖြိုချနိုင်ဖို့ မဟူရာ‌ရွှေဘိုသား PDF မှ RPG ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ရွှေဘိုခရိုင်တပ်ရင်း ၄ လက်အောက်ခံ မဟူရာရွှေဘိုသား PDF က RPG ကမ်ပိန်းပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

အင်အားပြင်း ငလျင်လှုပ်ခတ်မှုအတွင်း Sky Villa ကွန်ဒို အပေါ်ဆုံးထပ် ရောက်ရှိနေသူများ (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း မန္တလေးမြို့ Sky Villa ကွန်ဒိုအပေါ်ဆုံးထပ်မှာ လူတချို့ရှိနေခဲ့ပြီး သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

စစ်ကိုင်း၊ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ဒီကနေ့ညနေမှာ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်မှာ စစ်ကောင်စီတပ်စခန်းများကို KPLA နှင့် Federal Wings တို့ ပူးပေါင်းတိုက်ခိုက်မှု (ရုပ်/သံ)

ကရင်နီပြည်မှာ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) KPLA နဲ့ Federal Wings တို့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတဲ့ မှတ်တမ်းရုပ် သံဖိုင်တချို့ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်သူ့အိုးအိမ်များကို ဖျက်ပြီး သယ်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ပြည်သူ့စစ်ခေါင်းဆောင်၊ ရဲတပ်သားနှင့် ပျူစောထီး ၃ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဇီးဖြူးကုန်းရွာကနေ ပြည်သူ့အိုးအိမ်တွေကို ဖျက်ပြီး သီးလုံးပျူစခန်းသို့ သယ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မဟူရာ ရွှေဘိုသားအဖွဲ့ထံက သိရပါတယ်။