မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သား၂ ယောက်နဲ့ ဘုန်းကြီးတစ်ပါးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်၊ မနက်ပိုင်းက ရေစကြိုမြို့နယ်၊ ဇီးကုန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ခန့်ပါ ခလရ ၂၅၆ က အကြမ်းဖက်စစ်အုပ်စုတွေကို ဇီးကုန်းနဲ့ ဇီးကုန်းကျွန်းကျေးရွာကြားအရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရေစကြိုမြို့နယ် ပကဖ က ထုတ်ပြန်တယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို ရဲဘော်များ (ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်)

အချိန် ၁ နာရီကျော်ကြာခဲ့တဲ့ ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၈ ယောက်သေကာ  MA-11 ၁ လက်၊ ကျည်ဘောက် ၃ ခု၊ 5.56mm ကျည် ၂၇၅ တောင့်နဲ့ အီနာဂါဗုံးသီး ၁ လုံးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ ယောက် သေဆုံးခဲ့သလို ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက်လည်း ကျဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၂ ရက် မနေ့ကတော့ တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ ဇီးကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းရေးသွားရောက်လုပ်ဆောင်ခဲ့ပြီး ဘုန်းကြီး ၁ ပါးနဲ့ ပြည်သူ ၂ ယောက်ကိုလည်း အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ကာ မြေမြှုပ်ထားခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိခဲ့သည့် လက်နက်များ (ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်)
0 Shares:
You May Also Like
Read More

မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၈ရက်၊ ည ၇နာရီကျော်လောက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ EPC ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရပြီး ကင်းအစောင့်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ စခန်း စွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်ကို ယောဗျူဟာ ဖမ်းမိ

ချင်းပြည်နယ်အတွင်း ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၇၄ ကနေ စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာအမှတ် - ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အမ်း နပခ ရဲ့ ပကတိမြေပြင်အခြေအနေကို ဖော်ပြကာ အသက်ရှင်ချင်ရင် အလံဖြူထောင်ဖို့ AA သတိပေး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) နေရာတစ်ခုမှာ အလံဖြူထောင် လက်နက်ချလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံမှတ်တမ်းတိုကို မနေ့က ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ကို ပြည်သူတွေ အနွေးအင်္ကျီတွေအပါ အဝတ်အထည်တွေ လှူဒါန်းထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို တော်လှန်ပြည်သူတွေက အနွေးအင်္ကျီအပါအဝင် အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူယစ်ဆေးဝါးသုံးစွဲသူ (၁၂၆)ဦးနှင့် ဖြန့်ဖြူးရောင်းချသူ (၁၃)ဦး ဖမ်းဆီးခဲ့…

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ ခရိုင်တွေဖြစ်တဲ့ ကျောက်မဲခရိုင်၊ မိုးကုတ်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဆန်ခရိုင်နဲ့ နမ့်ခမ်းခရိုင်တို့မှာ TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၁၂၆) ယောက်နဲ့ ဖြန့်ဖြူးရောင်းချသူ (၁၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။