မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။

စလင်းမြို့နယ်အတွင်း လင်းဇင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် ရဲစခန်းနဲ့ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေက ကျေးရွာနေ ပြည်သူတွေကို အကာအကွယ် ပြုလုပ်ကာ လုပ်ကိုင် ဆောင်ရွက်နေတာကြောင့် ပြည်သူတွေ ကျေးရွာအတွင်း မနေထိုင်ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေးထားတာပါ။

မင်းဘူးခရိုင်အတွင်း NUG အစိုးရ ထိန်းချုပ်နယ်မြေ၊ စိုးမိုးနယ်မြေ ရရှိနိုင်ရေးအတွက် အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်ရဲ တရားဝင် PDF တပ်ရင်းတွေ ဖြစ်တဲ့ စလင်း အခြေစိုက် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနဲ့ အမှတ် ၅ တပ်ရင်းတို့ဟာ အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေချိန် စစ်ကောင်စီက သူတို့ အခြေစိုက် နေရာယူ စခန်းချထားတဲ့ နေရာတွေက ပြည်သူလူထုကို အကာအကွယ်ယူကာ တိုက်ခိုက်ချေမှုန်းမခံရစေဖို့ လူသားဒိုင်းပြုလုပ်ကာ ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အပြစ်မဲ့ ပြည်သူတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ PDF အဖွဲ့အစည်းတွေအနေနဲ့ အတတ်နိုင်ဆုံး ကြိုတင်အသိပေး သတိပေးဆောင်ရွက်ချက်တွေ ပြုလုပ်တာဖြစ်တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း Facebook Page)
0 Shares:
You May Also Like
Read More

ကမ္မမြို့ကို စစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းဝင်နေလို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNU ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

KNU ထိန်းချုပ်ထားတဲ့ မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ယူဆောင်ကာ KNU ထံ အလင်းဝင်လာတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

KNDF အမှတ် (၁၂)တပ်ရင်းမှ ရှေ့တန်းရောက် ရဲဘော်များကို ကျည်ကာ အစုံ (၅၀) ၀ယ်ယူတပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အမှတ် (၁၂)တပ်ရင်းက ရှေ့တန်းမှာ တိုက်ပွဲ၀င်နေတဲ့ရဲဘော်တွေအတွက် အသက်ကို ကာကွယ်နိုင်ဖို့ အထိအခိုက် နည်းစေဖို့အတွက် ကျည်ကာ အစုံ (၅၀)ကို ၀ယ်ယူတပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂ ဦး သေဆုံး

KNU ထိန်းချုပ်ရာဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
Read More

မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ…

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်း ဒေါနတောင်ပေါ်မှာ ရှိတဲ့ တောနော် အနီးတဝိုက်မှာ တကြော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

သဲကုန်းမှာ ပျူစောထီးအဖွဲ့ဝင် ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာမှာ နေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းမြို့နယ်ပကဖထံက သိရပါတယ်။