TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။

မနေ့က အောက်တိုဘာလ ၅ ရက် ညဦးပိုင်းအချိန်လောက်မှာ သီပေါမြို့ပေါ် လူနေရပ်ကွက်တချို့က နေအိမ်တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ခလရ ၂၃၆ အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြို့ပေါ်မှာတော့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လူနေရပ်ကွက်တွေကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

သီပေါမြို့မှာ စစ်ကောင်စီရဲ့ ဗုံးကြဲခံရမှုကြောင့် နေအိမ်များ မီးလောင်နေစဉ် (ဓာတ်ပုံ နယ်စည်းမခြားပရဟိ (သီပေါ))

တိုက်ခိုက်မှုကြောင့် လတ်တလော ပြည်သူတွေ ထိခိုက်ဒဏ်ရာရမှု မရှိပေမယ့် အမျိုးသားတစ်ယောက်ပျောက်ဆုံးနေပြီး နေအိမ်နဲ့ ဆိုင်ခန်းတွေ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို ဒီနေ့ အောက်တိုဘာ ၆ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရမှုကိုတော့ စိစစ်အတည်ပြုနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရတဲ့ သီပေါနဲ့ လားရှိုးမြို့က အခြေအနေတွေကို TNLA နဲ့ MNDAA ဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းအတွက် သားငယ်ကိုထိန်လင်း နယူးယောက်မြို့သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ကမ်ပိန်း (Suu 80th Birthday Campaign) အတွက် သားငယ် ကိုထိန်လင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီလက်ထဲမှာ အသက်မဲ့နေတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ ပါဝင်လာ

ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု ပဏာမစာရင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန် ပါဝင်လာတာကို ယူနက်စကိုရဲ့ တရားဝင် Website မှာဖော်ပြချက်အရသိရပါတယ်။
Read More

လားရှိုးကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကားဝပ်ရှော့နဲ့ ကား ၁၂ စီး ပျက်စီးဆုံးရှုံးခဲ့ရ

လားရှိုးမြို့ကို မနေ့က စက်တင်ဘာ ၂၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ကား၁၂စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး သိန်းတစ်ထောင်ကျော်နီးပါး ဆုံးရှုံးခဲ့ရကြောင်း MNDAA က အသိပေး ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၈ ရက် မနေ့က ည ၈ နာရီ ၃၄ မိနစ်လောက်မှာ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရပ်ကွက် ၈ မန်ဆူဟိုတယ်အနီးကို ပေါင်ချိန်များတဲ့ ဗုံးတစ်လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်တော်မှ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲမှု ကျောင်းသားကျောင်းသူ ၁၉ ဦးသေဆုံးသည့် ဖြစ်ရပ် စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု AA ကြေညာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ စာသင်ကျောင်း ၂ ခုကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲမှု ကျောင်းသားကျောင်းသူ ၁၉ ယောက် သေဆုံးခဲ့တဲ့အပေါ် အကြမ်းဖက်စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးလာတဲ့ စစ်သား ၂ ယောက်ကို ရေစကြို ပကဖ လိုက်လံရှာဖွေပြီး ဆုငွေချီးမြှင့်

မကွေးတိုင်း၊ ရေစကြိုမြို့ စုပေါင်းရုံးမှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းကနေ လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးလာတဲ့ စစ်သား ၂ ယောက်ကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လိုက်လံရှာဖွေကာ ဆုငွေ ၁၅ သိန်းကျပ်စီ ချီးမြှင့်ခဲ့တယ်လို့ ရေစကြို ပကဖ ဆီက သိရပါတယ်။
Read More

စစ်တပ်ထောက်ခံသူ အမျိုးသမီးတစ်ဦးကို ကာလပေါက်စျေး သိန်း ၂၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရ

နေပြည်တော်မှာနေထိုင်သူ အမျိုးသမီးတစ်ယောက်ကို ကျပ်သိန်း၂,၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။