လွန်ခဲ့တဲ့ ၃လကျော်အတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်မှုကြောင့် နိုင်ငံခြားသား ၂,၀၀၀ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

တရားမဝင်လုပ်သားတွေကိုရှာဖွေ၊ ဖမ်းဆီးပြီး လွှဲပြောင်းဖို့ နိုင်ငံအနှံ့က ရွှေ့ပြောင်းလုပ်သားတွေ ခန့်ထားတဲ့ လုပ်ငန်းခွင်တွေကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဝန်ကြီး Phiphat Ratchakitprakarn က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်ကနေ အောက်တိုဘာ ၂ ရက်အထိ ထိုင်းအာဏာပိုင်တွေက ရွှေ့ပြောင်းအလုပ်သမား ၂၇၇,၇၇၀ ဦး (၂၈၀,၀၀၀ နီးပါး) ကို အလုပ်ခန့်ထားတဲ့ လုပ်ငန်းခွင် ၂၀,၁၅၂ ခု (၂၀,၀၀၀ ကျော်) ကိုစစ်ဆေးခဲ့ရာမှာ ၈၄၄ ခုက တရားမဝင် လုပ်သားများ ခန့်အပ်ထားတာကို တွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

အဆိုပါ လုပ်ငန်းပေါင်း ၂၀,၀၀၀ ကျော်အတွင်း အလုပ်ခန့်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲ မြန်မာနိုင်ငံသား ၂၀၉,၄၃၅ ဦး (၂၁၀,၀၀၀ နီးပါး) ရှိပြီးအများဆုံးဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးချက်အရ အဆိုပါ တရားမဝင် လုပ်သားခန့်အပ်ထားတဲ့ လုပ်ငန်း ၈၄၄ ခုကနေ နိုင်ငံခြားသား လုပ်သားပေါင်း ၂,၀၆၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁,၂၈၉ ဦး နဲ့ အများဆုံးဖြစ်ပြီး ကမ္ဘောဒီးယား ၂၈၁ ဦး၊ လာအို ၃၁၅ ဦး၊ ဗီယက်နမ် ၄၁ ဦးနဲ့ အခြားနိုင်ငံသား ၁၃၇ ဦး စသဖြင့် အသီးသီး ပါဝင်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို မောင်းနှင်ဖို့က အလုပ်သမား ကဏ္ဍအပေါ်မှာ မှီခိုနေပါတယ်။ ထိုင်းနိုင်ငံသားတွေကို အလုပ်ခန့်ထားရေးနဲ့ စီပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်ကို ပြည်မီအောင်နဲ့ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်း စတဲ့နယ်ပယ်တွေမှာ ထိရောက်မှုအမြင့်ဆုံးဖြစ်အောင် ၎င်းတို့ကိုကူညီပေးဖို့နိုင်ငံခြားသားအလုပ်သမားတွေကို ကြီးကြပ်ပေးမှုတို့အကြား ညီမျှအောင် ဦးစားပေးလုပ်ဆောင်နေတယ်လို့ထိုင်းအလုပ်သမားဝန်ကြီးကပြောပါတယ်။

အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် Somchai Morakotsriwan က၎င်းတို့ဌာနအနေနဲ့ခရီးသွားအေးဂျင့်တွေ၊ဧည့်လမ်းညွှန်တွေ၊အနှိပ်ခန်းတွေဒါမှမဟုတ်ဆံပင်ညှပ်သမားတွေလိုမျိုးထိုင်းနိုင်ငံသားတွေအတွက်သီးသန့်အလုပ်တွေမှာဝင်လုပ်နေတဲ့နိုင်ငံခြားလုပ်သားတွေကိုစုံစမ်းစစ်ဆေးဖို့အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ ဘန်ကောက်မြို့ တော်ဝန် Chadchart Sittipunt ကလည်းလမ်းသွားလမ်းလာများအဆင်ပြေစေရေးနဲ့လမ်းပေါ်ရှိလမ်းဘေးဈေးသည်တွေကိုသတ်မှတ်နေရာများသို့ပြောင်းရွှေ့ရေးများကိုအားစိုက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းပြောဆိုထားပါတယ်။

မူရင်း – Over 2,000 foreign nationals nabbed, Labour Ministry says

0 Shares:
You May Also Like
Read More

ARSA ခေါင်းဆောင်တစ်ဦးနှင့် နောက်ထပ် သံသယရှိသူ ၉ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ဖမ်းဆီး

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ရဲ့ ထိပ်တန်းခေါင်းဆောင် Ataullah Abu Ammar Jununi နဲ့ အဖွဲ့ဝင်တွေအဖြစ် သံသယရှိသူ နောက်ထပ် ၉ ယောက်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း မတ်လ ၁၈ ရက်က Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။ 
Read More

ငလျင်ဒဏ်သင့် မြန်မာအတွက် ဒေါ်လာ ၂ သန်း အမေရိကန် ကူညီမည်

ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၂ သန်းထောက်ပံ့ကူညီသွားမယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လူ့အခွင့်အရေးကာကွယ်မှု တရားဝင်ယန္တရားအသစ်တစ်ရပ် ဖော်ဆောင်ဖို့ အာဆီယံ ပြင်ဆင်နေ

အရှေ့တောင်အာရှဒေသအတွင်း လူ့အခွင့်အရေးကာကွယ်မှုဆိုင်ရာ ချဉ်းကပ်ပုံတွေကို ပြန်လည်ပြင်ဆင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအစိုးရများကြား ကော်မရှင် (AICHR) အနေနဲ့ စတင်ဆောင်ရွက်နေကြောင်း Malaysiakini သတင်းက ဇူလိုင်လ ၁၈ ရက်မှာ ဖော်ပြပါတယ်။
Read More

တရုတ်-မြန်မာ သမိုင်းတလျှောက် ဆက်ဆံရေးအကောင်းဆုံး အခြေအနေဖြစ်ဟု မင်းအောင်လှိုင် ပြောဆို၊ တရုတ်နိုင်ငံဟာ ကမ္ဘာကြီးကို ကာကွယ်ပေးနိုင်မည်ဟု ဖားယား ပြော

တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးနဲ့ တော်လှန်ရေးအပေါ် များစွာ ဝင်ရောက်စွက်ဖက်နေတယ်လို့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေဘက်က ပြောဆိုနေကြချိန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လက်ရှိမှာ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အကောင်းဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူ မျောသွားတဲ့ ရေလုပ်သား ၄ ယောက်ကို အိန္ဒိယ ကမ်းစောင့်တပ် ကယ်တင်ခဲ့…

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူမျောပါသွားတဲ့ ရေလုပ်သား ၄ ယောက် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်တပ်က ဒီဇင်ဘာလ ၆ ရက် မနေ့က ကယ်ဆယ်ကူညီထားတယ်လို့ The Hindu သတင်းက ဒီဇင်ဘာလ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။