အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေက ဒေသခံပြည်သူများအတွက် “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်” အစီအစဉ်ကတဆင့် ပေးပို့လှူဒါန်းကြတဲ့ အလှူငွေတွေကို ရေဘေးသင့် ပြည်သူတွေဆီ မြေပြင်တာဝန်ခံတွေနဲ့ ပူးပေါင်းချိတ်ဆက် ထောက်ပံ့နေတယ်လို့ သိရပါတယ်။
ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ခြင်း၊ ဘေးကင်းတဲ့နေရာတွေဆီ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း၊ လက်ရှိရေဘေးသင့်ဒေသတွေမှာ ဒေသခံပြည်သူတွေ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အချိန်မီရရှိနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖအဖွဲ့၊ ပကဖအဖွဲ့၊ ကျန်းမာရေးတာဝန်ခံတွေ၊ လူသားစာနာတာဝန်ခံတွေနဲ့ ချိတ်ဆက်ကာ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
အခုလို ပြည်သူမှပြည်သူသို့ ထောက်ပံ့နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပက လှူဒါန်းပေးကြတဲ့ စေတနာရှင်၊ အလှူရှင်တွေကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေအပေါ် စိုးရိမ်ပူပန်နေဟု Kim Aris ပြော

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခခံစားနေရသလို နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေတယ်လို့ Kim Aris (ခ) ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

အမေရိကန်ရောက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးများ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေးဧရိယာ၊ ယူနီယံစီးတီး၊ မြန်မာကွန်မြူနီတီစင်တာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးတွေနဲ့ မေလ ၃၁ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ NUG  နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

အမျိုးသမီး လစဉ်သုံးပစ္စည်းထဲ စစ်ကောင်စီကို ILO အရေးယူရေး သတင်းစကားထည့်ကာ အလုပ်သမားထုကို ဖြန့်ဝေ

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ အကြမ်းဖက်စစ်ကောင်စီကို “ILO မှ ပုဒ်မ ၃၃" နဲ့ ဘာကြောင့် အရေးယူဖို့ လိုအပ်သလဲဆိုတဲ့ အချက်တွေ ပါဝင်တဲ့သတင်းစကားတွေကို အမျိုးသမီး လစဥ်သုံးပစ္စည်းတွေမှာ ထည့်သွင်းပြီး အလုပ်သမားထုဆီ ဖြန့်ဝေတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု အရက်သောက်ရင်း စကားများပြီး ပစ်ခတ်မှုဖြစ်၊ သေဆုံးမှုရှိကာ စစ်သားတချို့ လက်နက်နဲ့ ထွက်ပြေး

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ မက္ကသံ ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သားတွေ အုပ်စုဖွဲ့ အရက်သောက်ရာကနေ စကားများပြီးသေနတ်နဲ့ ပစ်ခတ်မှုတွေအထိ ဖြစ်ပွါးခဲ့ကာ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်သား ၁၅၀ ကျော်ကို အရှင်ဖမ်းမိ၊ စစ်ကောင်စီထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများတွင် ဂျနီဖာကွန်ဗန်းရှင်းက တားမြစ်ထားသည့် ခဲယမ်းများ တွေ့ရှိ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူစခန်းကုန်းကနေ စခန်းစွန့်ထွက်ပြေးသွားတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ အကြမ်းဖက်စစ်သား ၁၅၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။