ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ တိုင်းသတင်းရဲတပ်ဖွဲ့ဝင် အချင်းချင်းစကားများရာက တပ်ကြပ်ကြီးအဆင့်ရှိတဲ့ ရဲက ဓားနဲ့ထိုးလို့ တိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးအဆင့် သေဆုံးပြီး ရဲအရာရှိ​ ၂ယောက်ပါ ဓားဒဏ်ရာတွေ ရရှိသွားကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
တိုင်စာကိစ္စကြောင့် အငြင်းပွားစကားများရာကနေ အခုလို အချင်းချင်း ဓားထိုးမှု ဖြစ်ပွါးခဲ့ပြီး ဒုရဲမှူးအဆင့်ရှိသူ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
“သတင်းကိုတော့ အပြင်မထွက်အောင် ဖုံးဖိထားကြတယ်။ ဖြစ်တာက စက်တင်ဘာလ ၁၈ရက် မနက်ပိုင်းမှာ ဖြစ်သွားတာ။ လူသေတဲ့အဆင့်ထိဖြစ်တာဆိုတော့ ဖုံးဖိထားလည်း အကုန်သိမှာပဲ”လို့ ပုသိမ် သတင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်။
“သေသွားတဲ့ ဒုရဲမှူးက အောင်ကိုမင်း။ ဒုရဲမှူးကြီး နေအောင်လင်းနဲ့ ဒုရဲမှူး ဇော်မင်းတို့ကတော့ ဓားဒဏ်ရာတွေရရှိသွားတယ်” လို့ အထပ်ပါ သတင်းရင်းမြစ်က ထပ်ပြောပါတယ်။
ဓားနဲ့ထိုးခဲ့တဲ့ ရဲသတင်းတပ်ဖွဲ့ တပ်ကြပ်ကြီးက ပုသိမ်မြို့နယ်အတွင်း လောင်းကစားဝိုင်း၊ မူးယစ်ဆေး၊ သစ်မှောင်ခို စတဲ့ကိစ္စတွေမှာ ငွေကြေးအမြောက်အမြား တောင်းယူကာ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျအောင် လုပ်နေတယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင်အချင်းချင်း တိုင်ကြားမှုကြောင့် စစ်ဆေးမြေမြန်းဖို့ စကားအခြေအတင် ပြောဆိုရာကနေ အခုလို ဓားထိုးမှု ဖြစ်ပွါးခဲ့တာပါ။
ဓားနဲ့ထိုးတဲ့ ရဲတပ်ကြပ်ကြီးကိုတော့ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အကြမ်းဖက်ရဲတပ်ဖွဲ့ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) တွင် ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၄) မှ ဒုစစ်ကြောင်းမှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လည်ဘူးမြို့က အောင်ပွဲရ ရဲဘော်တွေကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံ အားပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို အောက်တိုဘာလ (၁၀) ရက်မှာ သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း၏ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်သည့် တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်း - Myaing Villages Revolution Front အနေနဲ့ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံးပါဝင်တဲ့ တပ်ရင်းစုဖွဲ့မှုနဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတကာမှ ငလျင်အတွက် ပေးအပ်သည့် ငွေကြေးများ စစ်အုပ်စုလက်ထဲ သွေးစွန်းငွေအဖြစ် ပြောင်းလဲသွား

နိုင်ငံတကာက ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ငွေကြေးတွေ ပေးအပ်နေမှုဟာ စစ်အုပ်စုလက်ထဲရောက်ပြီးနောက်မှာတော့ သွေးစွန်းငွေတွေအဖြစ် ပြောင်းလဲသွားတယ်လို့ Blood Money အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီက ဖိအားတချို့ကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ NUG ပြော၊ ကျားဖြန့်ဂိုဏ်းတွေမှာ စစ်ဗိုလ်ချုပ်အချို့ရဲ့ အကျိုးစီးပွါးတွေပါ၀င် ဆက်နွယ်နေ

ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေကို စစ်ကောင်စီက နိုင်ငံတကာရဲ့ ဖိအားကြောင့် အပေါ်ယံသာ နှိမ်နင်းပြနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

တောင်ဒဂုံက စစ်မှုထမ်းစာရင်းမှာ ပါတဲ့ ဘုန်းကြီးရဲ့ညီဖြစ်သူ တိမ်းရှောင်နေလို့ ဘုန်းကြီးကို လူဝတ်လဲပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်သွား…

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းက စစ်မှုထမ်းစာရင်းထဲ ပါသူတစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့အပေါင်းအပါတွေက စစ်မှု့ထမ်းဖို့ လာခေါ်ချိန်မှာ ညီဖြစ်သူမရှိတာကြောင့် အစ်ကိုဖြစ်တဲ့ ဘုန်းကြီးဝတ်နေသူကို သင်္ကန်းချွတ်ကာ လူဝတ်လဲပြီး စစ်မှု့ထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။