ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့ခံ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ အေးမြသာယာရဲစခန်းကနေ အရပ်ဝတ်နဲ့ ထွက်လာတဲ့ အင်အား၅ယောက်ပါအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၂ယောက် သေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်ထားပါတယ်။
မနေ့က စက်တင်ဘာ ၁၆ ရက်၊ နေ့လည် ၃ နာရီဝန်းကျင်မှာ အေးမြသာယာရဲစခန်းကနေ ခြေလျင်ထွက်လာတဲ့ လူ ၅ယောက်ကို အထက်တန်းကျောင်းရှေ့လမ်းအရောက်မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။
“ရဲသတင်းပေး ကိုသက် ကို ရှင်းဖို့စောင့်နေတာ။ ကျန်တဲ့ရခတွေပါ ပါလာတော့ သူတို့ပါပစ်ခတ်ရင်း စခန်းမှူး ဇော်ဝင်းသေတာ။ ကိုသက်လည်း နေရာတင် ကိစ္စပြတ်တယ်။ သူတို့ ၂ယောက် သေတော့ စခန်းမှူးဇော်ဝင်းရဲ့ သေနတ်အတိုကို ကျန်ရခ၃ကောင်ကယူပြီး စခန်းထဲဝင်ပြေးတယ်။ ပစ်ခတ်မှုဖြစ်တဲ့ နေရာနဲ့ ရဲစခန်းက ပေ၃၀၀လောက်ပဲဝေးတယ်” လို့ တပ်ရင်း၃၈၀၂ တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ သေဆုံးသူတွေထံက လက်ပစ်ဗုံး ၁လုံး၊ ဝီစီ ၁ခု၊ ငွေသား ၁၈၀၅၀၀ ကျပ်၊ မှတ်ပုံတင် ၁ခု၊ ယာဥ်မောင်းလိုင်စင် ၁ခု၊ ရဲဝန်ထမ်းအရာရှိကတ် ၁ခု၊ လဝကသက်သေခံကတ် ၁ခု၊ ပေါ်တာစွဲဖို့ နာမည်ရေးထားတဲ့ စာရင်းစာရွက် ၁ခုတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာ တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာလာစဉ် ည ၁၀ ခန့် အချိန်မှာ အေးမြသာယာမြို့ပြင် လမ်းတစ်နေရာမှာ တော်လှန်ရေးရဲဘော်တွေနဲ့ စစ်ကောင်စီတပ်တို့ ၁၅ မိနစ်ခန့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားရာမှာ အထိနာသွားတဲ့ စစ်ကောင်စီတပ်တွေက ပြည်သူနေအိမ် ၃လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
သူကပဲ ဆက်လက်ပြီး “ပထမ တိုက်ခိုက်မှုဖြစ်ပြီး အစစ်အဆေးကြမ်းလို့ ခက်ခက်ခဲခဲပြန်ဆုတ်ရတယ်။ ည၁၀နာရီလောက်မှာ ရိုးပေါ်တက်ဖို့လုပ်နေတုန်း နောက်ကလိုက်လာတဲ့ စခတွေနဲ့ မြို့ပြင်မှာ ထိတွေ့တိုက်ပွဲဖြစ်တာပါ။” လို့ ဆိုပါတယ်။
ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်တာကြောင့် စစ်ကောင်စီထောက်တိုင်တွေအနီး ပြည်သူတွေ သွားလာနေထိုင်တာတွေ မပြုလုပ်ကြဖို့လည်း ကြိုတင်အသိပေးထားပါတယ်။
ဓာတ်ပုံများ – အေးမြသာယာ စခန်းမှူး ဇော်ဝင်းနဲ့ ရဲထွက် ကိုသက်
0 Shares:
You May Also Like
Read More

အုတ်ဖို၊ ပဲခူးရိုးမအစပ် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။
Read More

ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ကို KNDF ဗျူဟာ ၉ အဖြစ် ဖွဲ့စည်း…

ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်ပေါင်းစုမှ 1005 တပ်ရင်း ၊ 1008 တပ်ရင်း ၊ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)၊ Special Operation Drone Force (SODF) တို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၉) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲနဲ့ လူမှုအကျပ်အတည်းတွေကိုပါ ခံစားနေရဟု UNOCHA က ထုတ်ပြန်

မြန်မာ့လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာအခက်အခဲအပြင် လူမှုအကျပ်အတည်းမျိုးစုံ တပြိုင်နက်တည်း ရင်ဆိုင်ခံစားနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကအသိပေးထုတ်ပြန်ပါတယ်။ 
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထီးထဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့လည်း ပါဝင်ခဲ့ဟု အသိပေး

ထိုင်း-မြန်မာနယ်စပ်အနီးက စစ်ကောင်စီရဲ့ ထီးထဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ဧပြီလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။