ရန်ကုန်တိုင်း၊ ရွှေပေါက္ကံမြို့သစ်က (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ယောက်သေဆုံးပြီး ၁ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
စက်တင်ဘာ ၁၆ရက်၊ မနေ့ကညပိုင်းမှာ ရွှေပေါက္ကံမြို့သစ်၊ (၂၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပ ပကဖ​တပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
“မြေပြင်ရဲဘော်တွေရဲ့သတင်းပေးချက်အရ လက်ပစ်ဗုံး ၂လုံးစလုံး ထိရောက်မှုရှိလို့ ရုံးထဲရှိနေတဲ့ စစ်အုပ်စုအဖွဲ့ဝင် ၁ယောက်သေပြီး ၁ယောက်ဒဏ်ရာ​ပြင်းတယ်လို့သိရတယ်။ အုံးသံကြားရပြီး မီးတွေလည်း အကုန်ဖြတ်ပစ်လိုက်တယ်တဲ့။ အဲ့ဒီနောက် ဆေးရုံကားသံတွေလည်း ကြားရတယ်လို့ သတင်းပို့ပါတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
၂၂ရပ်ကွက်ရုံး လက်ပစ်ဗုံးပစ်ခံရပြီးတဲ့နောက်မှာတော့ ရွှေပေါက္ကံရပ်ကွက်တွေထဲ စစ်သား၊ ရဲနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ကားတွေ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီရက်ပိုင်း ရန်ကုန်တိုင်းအတွင်းကမြို့နယ်တွေမှာ မြို့ပြ UG တွေက စစ်ရေးဖော်​ဆောင်မှုတွေ ပြန်လည်လုပ်ဆောင်လာသလို ပြည်သူတွေနဲ့အတူ အကြမ်းမဖက်တဲ့ ဆန္ဒဖော်ထုတ်မှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ရက်၊ မနက်အ​​​​စောပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ ၁၄လမ်းဆုံနားက စစ်တပ်ဂိတ်ကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေ အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်လို့ ဂျူတီလဲနေတဲ့စစ်သားတွေ ထိခိုက်​သေဆုံးခဲ့ရပါသေးတယ်။
0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၁၁ဦးကို မိုင်းကွင်းဖြတ်ခိုင်း၊ ၅ဦး သေဆုံးပြီး ၆ဦး ဒဏ်ရာရ၊ အရပ်သားအချို့ကိုလည်း ခေါင်းကို သေနတ်ဖြင့် တေ့ပစ် သတ်ခဲ့

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူ ၉ယောက်ကို ခေါင်းသေနတ်တေ့ပစ်သတ်တာနဲ့ အသေခံ မိုင်းနင်းခိုင်းတာတွေလုပ်ဆောင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။
Read More

စစ်ကောင်စီ အင်အားရာနဲ့ချီ ခုခံခဲ့တဲ့ ညောင်ကျိုးစခန်းကို AA ပူးပေါင်းတပ် သိမ်းပိုက်၊ စစ်တပ်က သေဆုံးသူများပြားပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ညောင်ကျိုးကျေးရွာအခြေစိုက် စစ်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျောက်ကြီးမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်တပ်က ၁၀ ဦးသေပြီး ၇ ဦးအရှင်ဖမ်းမိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က ၁၀ ယောက်သေဆုံးပြီး ၇ ​ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Falcons Guerrilla Force (စွန်ရဲ) တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ဝက်လူးရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ဦး သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါ (၁၄) ဦး ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၅) ယောက် သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနဲ့ ဗိုလ်ကြီး အောင်ကိုကို အပါအဝင် (၁၄) ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့နယ် ၃ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာ၊ အင်းဝိုင်းအမှတ်(၃) ဆင်းရွှေလီသကြားစက်ရုံမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။