ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တံတားကြီးကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က လူငယ်တချို့ကို တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်သင်တန်းတက်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားကြောင်း သိရပါတယ်။
စက်တင်ဘာ ၁၆ ရက် ညပိုင်းက စုစုပေါင်း လူငယ် ၉ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“လွတ်မြောက်နယ်မြေ ရောက်နေသူတွေ အာတွေချောင်ပြီး လူမှုကွန်ယက်တွေမှာတင်လို့ အဖမ်းခံကြရတာ။ အမှန် သင်တန်းတက်တယ်မတက်ဘူးဆိုတာလည်း ဘယ်သူမှ အတတ်မသိဘူး။ တချို့ဆိုရင် မအူပင် သံစုံတီးဝိုင်းဘာညာ အစုံလျှောက်ရေးတင်နေကြတော့ အကြမ်းဖက်စစ်တပ်က စောင့်ကြည့်နေတာပေါ့။ အခု အဖမ်းခံရတဲ့ကလေးတွေကို သေနတ်တွေနဲ့ ပစ်ပြီးဖမ်းတာလေ” လို့ မအူပင်မြို့ နေထိုင်သူတစ်ယောက်က ပြောပြပါတယ်။
သူကပဲ ဆက်ပြီး “အားလုံး ၁၁ယောက်ကို သူတို့လိုက်ဖမ်းတာ။ ၂ယောက်လွတ်သွားတယ်။ ၉ယောက်တော့ အဖမ်းခံလိုက်ရတယ်။ အရပ်ကား အရပ်ဝတ်တွေနဲ့ သွားဖမ်းတာ။ သေနတ်တွေနဲ့ပစ်
ဖမ်းတာ.. ထိခိုက်မှုတော့မရှိဘူး။ အခု အကြမ်းဖက်စစ်တပ်ကကောင်တွေဆီမှာရှိတဲ့ နာမည်စာရင်းတွေနဲ့ လိုက်ဖမ်းနေတာ။ သူတို့လိုချင်တဲ့သူမရှိလို့ နာမည်စာရင်းထဲပါတဲ့ မိသားစုဝင် ဇနီးမယားတွေကိုပါ ဖမ်းသွားတယ်” လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို တော်လှန်ချင်တဲ့ လူငယ်အများစုဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထံမှာ စစ်သင်တန်းတက်ရောက်ကာ တော်လှန်ရေးဆင်နွှဲနေကြပြီး အကြမ်းဖက်စစ်တပ်ကလည်း လူငယ်တွေအပေါ် အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – အကြမ်းဖက်စစ်သားများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မင်္ဂလာဦးရပ်ကွက် စစ်တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ရာနှင့် စစ်ကူကားတို့ကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာ ပကဖ ထုတ်ပြန်၊ ငွေကျပ် ၉၆ သိန်းနှင့် လက်နက်တချို့ သိမ်းဆည်းရရှိပြီး စစ်ကောင်စီလက်​အောက်ခံ ဝန်ထမ်း ၁​၁ ဦးကိုလည်း ဖမ်းဆီးခဲ့ဟု ဆို

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မင်္ဂလာဦးရပ်ကွက် စစ်​တပ်ဂိတ်စခန်းအပါအဝင် ဝန်ထမ်းအိမ်ယာနဲ့ တပ်ကူလာတဲ့ စစ်ကားတွေကို တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူ-မြိုင်လမ်းပေါ်က မြို့စောင့်ဂိတ်စခန်းကို တော်လှန်ရေးတပ်ပေါင်းစုများ ဝင်ရောက်တိုက်ခိုက်၊ စစ်သားနှင့် ရဲ ၁၂ယောက်ကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့အရှေ့ဘက် မြိုင်-ပခုက္ကူလမ်းပိုင်းက စီမံကိန်းရုံး ခေါ် အကြမ်းဖက်မြို့စောင့်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး၊ စစ်ကောင်စီတပ်သား နဲ့  ရဲ ၁၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်မင်းအောင်လှိုင် ထားဝယ်တွင် လုံခြုံရေးအပြည့်ဖြင့် မြို့တော်ခန်းမ ဖွင့်လှစ်၊ သူရောက်နေစဥ် ဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က စက်တင်ဘာ ၁၈ရက်မှာ ထားဝယ်မြို့ကို ရောက်ရှိလာပြီး လုံခြုံရေးအပြည့်နဲ့ မြို့တော်ခန်းမ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။
Read More

လေလံတင်တိုင်း ဝယ်သူမရှိသည့် သမိုင်းဝင် ခြံအမှတ် ၅၄ ကို စျေးထပ်လျှော့ပြီး ရောင်းဦးမည်

၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်မှ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရန် စကားပြောစက်များ NUG ကူညီထောက်ပံ့

စစ်ကိုင်းတိုင်းအတွင်းရှိ ပညာရေးစာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် ဆက်သွယ်ရေး ICON စက်တွေ ဝယ်ယူဖို့ ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်အကြောင်းပြုကာ သူတို့ရဲ့ ယုတ်မာမှုတွေ ပေါ်ကုန်မှာစိုးတာကြောင့် နိုင်ငံတကာသတင်းသမားတွေကို ဝင်ခွင့်မပေးတဲ့ စစ်ကောင်စီ

နိုင်ငံတကာသတင်းဌာနတွေက သတင်းထောက်တွေကို ငလျင်ဘေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ သတင်းလာယူခွင့်မပြုဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။