တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းက ပုလောမြို့နယ်၊ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြား စစ်ရေးတင်းမာနေတာကြောင့် အဲဒီမြို့နယ်တွေ တလျှောက်မှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးကို မနက် ၆ နာရီကနေ ညနေ ၆နာရီအတွင်းသာ သွားလာကြဖို့ NUG (MOD) တနင်္သာရီစစ်ဆင်ရေးဌာနက မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ နေရာတိုင်းမှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးပေါ်တာဆွဲတာတွေ၊ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကပါ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီး ပြည်သူတွေကို အဓမ္မစစ်မှုထမ်းခိုင်းဖို့ လုပ်ဆောင်နေတာပါ။
အဲဒါကြောင့် တိုင်းစစ်ဌာန (တနင်္သာရီ)၊ ဗျူဟာ (၃၅) နယ်မြေ ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေ၊ ပူးပေါင်းစစ်ကြောင်းတွေက ပုလော၊ မြိတ်၊ တနင်္သာရီမြို့နယ်တွေမှာ စစ်ရေးတိုးမြှင့်ကာ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်၊ အုပ်ချုပ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်မှာ “ ပုလောမြို့နယ် ပြည်ထောင်စုလမ်းမကြီးပိုင်း၊ မြိတ်မြို့နယ်တွင် မြိတ်မြို့အတွက် ကျောက်ဖြူတောင်လမ်းဆုံမှ သာရမဲ၊ အင်္ဂမော်၊ ကြေးနန်းတိုင်လမ်းတလျှောက်နဲ့ တနင်္သာရီမြို့အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်၌ သွားလာရာတွင် နံနက် (၆) နာရီမှ ည (၆) နာရီအတွင်းသာ သွားလာကြရန်၊ ခရီးသွားကားများအနေဖြင့် မှန်ချပြီးမှသာ မောင်းနှင်ကြရန်၊ ကုန်ကားများသည် အလုံပိတ် ဖုံးအုပ်ထားခြင်း (လုံးဝ) မပြုလုပ်ကြရန်” အသိပေးထားပါတယ်။
ဒီလိုသတ်မှတ်ချက်တွေဟာ စစ်ကောင်စီက အသွင်ယူလုပ်ဆောင်မှုတွေရှိနေတာကြောင့် လေးနက်စွာတားမြစ်ခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိဘဲ အကြောင်းအရာတစုံတရာဖြစ်ပေါ်လာရင် သက်ဆိုင်သူတွေရဲ့ တာဝန်သာဖြစ်တယ်လို့လည်း သတိပေးထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ပုလောမြို့နယ် ပကဖ ရဲဘော်များ
0 Shares:
You May Also Like
Read More

စနစ်ဆိုး၏ တန်းတူညီမျှမှုမရှိသည့် စံနှုန်းများကို ချေဖျက်ပစ်ဖို့ လူနည်းစုလူငယ်များ ဦးဆောင်ပြီး ကမ်ပိန်းပြုလုပ်

စနစ်ဆိုးရဲ့ တန်းတူညီမျှမရှိတဲ့ စံသတ်မှတ်နှုန်းတွေကို ချေဖျက်ပစ်ဖို့ လူနည်းစု လူငယ်တွေ ဦးဆောင်ပြီး K - Word မှသည် Identity Campaign ကို ဇွန်လ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

နတ်တလင်းတွင် ဆိုင်ကယ်နှင့် ကင်းပတ်သည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦး သေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ နတ်ပွဲကနေ ကင်းပတ်ပြီးပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေကာ အများအပြားထိခိုက်ခဲ့ကြောင်း တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄၊ Bamar Revolution Army (B.R.A) ထံက သိရပါတယ်။
Read More

အောင်လံနှင့် ဆင်ပေါင်ဝဲတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ စစ်ရေးတင်းမာနေ၊ စစ်အုပ်စုဘက်မှ အယောက် ၇၀ ဝန်းကျင် ထိခိုက် သေဆုံးထား

မကွေးတိုင်း၊ အောင်လံခရိုင်အတွင်းက အောင်လံနဲ့ ဆင်ပေါင်ဝဲမြို့နယ်တွေမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်ကော်မရှင်ဘက်က အယောက် ၇၀ နီးပါး ထိခိုက်သေဆုံးထားကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံ ပ.က.ဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကန့်ကွက်ဝေဖန်မှုတွေများခဲ့တဲ့ ဒေသန္တရတားမြစ်ချက်ဥပဒေကို ကျောတိုက်နယ် ပအဖ ပြန်လည် ပယ်ဖျက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ခဲ့တဲ့ ဒေသန္တရတားမြစ်ချက်တွေနဲ့ပတ်သက်ပြီး အရပ်သားပြည်သူတွေ နားလည်မှုလွဲသွားတာကြောင့် ထုတ်ပြန်ချက်တွေကို ပြန်လည် ပယ်ဖျက်လိုက်တယ်လို့ ကျောတိုက်နယ် ပအဖ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ကျင်းပဖို့ ရည်ရွယ်ထားသည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်း

ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့  ထိုင်းသံရုံးက မနေ့က မတ်လ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ကြေညာလိုက်ပါတယ်။