NUG အစိုးရက ရေဘေးသင့် ပြည်သူတွေအတွက် အရေးပေါ် အကူအညီတွေ ဆက်လက် ထောက်ပံ့ပေးနေ…
စက်တင်ဘာ ၁၆ ၊ ၂၀၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေကို ကူညီကယ်ဆယ်ရေးနဲ့ ဒေသခံပြည်သူတွေကို ရေဘေးလွတ်ရာ ရွေ့ပြောင်းရေးနဲ အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးတဲ့ လုပ်ငန်းတွေကို မြို့နယ်တာဝန်ခံတွေကတဆင့် ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လတ်တလော ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ စိုးမိုးနယ်မြေတွေမှာ ရေဘေးသင့်ပြည်သူတွေကို အကူအညီတွေ အချိန်မီရရှိနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပကဖ၊ ပအဖအဖွဲ့တွေနဲ့ လူသားစာနာတာဝန်ခံတွေက ရေဘေးသင့် အိမ်ထောင်စုတွေက သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ စစ်ဘေးရှောင်တွေကို ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းထောက်ပံ့ကူညီမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခြားတိုင်းနဲ့ ပြည်နယ်တွေအလိုက် ရေဘေးသင့်ပြည်သူတွေ စာရင်းကောက်ယူခြင်း၊ လိုအပ်ချက်တွေကို ဆန်းစစ်ခြင်းနဲ့ ထောက်ပံ့မှုပေးခြင်းတွေကိုလည်း ဆောင်ရွက်ပေးနေပြီး ပြည်တွင်း၊ ပြည်ပက လှူဒါန်းပေးကြတဲ့ စေတနာရှင်၊ အလှူရှင်တွေကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီ အရေးပေါ်ကြေညာ

အပျက်အစီးများပြီး လူအသေအပျောက်များနိုင်တဲ့ ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီက အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၂ ယောက်သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၄/၀) မှာ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဥ်ပေါ်ပါ ခရီးသည် ၂ ယောက် သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဂတ်စ်ပိုက်လိုင်းစောင့် စစ်ကောင်စီဂိတ်စခန်းကို နွားထိုးကြီး ပကဖ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ တရုတ်ဂတ်(စ်)ပိုက်လိုင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွေးကောက်ပွဲကို ဒီဇင်ဘာနှင့် ဇန်နဝါရီမှာ အပိုင်း ၂ ပိုင်းခွဲကျင်းပဖို့ ရည်ရွယ်ထားဟု မင်းအောင်လှိုင် ပြော

စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အပိုင်း ၂ ပိုင်းခွဲပြီး ကျင်းပသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ မတ်လ ၂၅ ရက် မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ အစည်း အဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။
Read More

ပွင့်ဖြူမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၈ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၇ယောက် အထိရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်( ၄ )တပ်ရင်းထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ဖြူးလမ်းမကြီးဘေး ကျေးရွာများတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ရဲနှင့်စစ်သား ၈ ဦး​ သေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ ဖြူးလမ်းမကြီးဘေး လေးအိမ်စုရွာတို့မှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။