စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းဂိတ်ကို ဒရုန်းတွေနဲ့ သွားရောက် ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၀ ရက် ၊ နေ့လယ်ပိုင်းက ရေဦးမြို့ အနောက်ဘက်အထွက်မှာရှိတဲ့ ရွှေကျီးမင်းစစ်ကောင်စီဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက Fixed Wing Drone တွေနဲ့ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုအပြီးရွှေကျီးမင်းဂိတ်က စစ်ကောင်စီတပ်သားတွေကလည်းလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်တာမျိုးတွေရှိခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်းအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၅ရက်ကလည်း ရေဦးမြို့နယ်၊ အရှေ့မြောက်ခြမ်းမှာရှိတဲ့ အောင်သာယာပျူစောထီးရွာကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF တပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးသီး ၉ လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
ဒရုန်းဖြင့် တိုက်ခိုက်မှုလုပ်နေသည့် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ (ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦး Facebook Page)