တော်ဝင်ဒေါင်းတပ်ရင်းက ရဲဘော်တွေဟာ ရှေ့တန်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေသလို သိမ်းပိုက်ထားတဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကူညီကာကွယ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
စစ်တောင်းမြစ်ဝှမ်းအနောက်ခြမ်းရှိ စစ်ရှောင်ပြည်သူတွေကို တော်ဝင်ဒေါင်းတပ်ရင်း ရဲဘော်တွေက ရိက္ခာထောက်ပံ့ကူညီပေးခဲ့ပြီး ပြည်သူတွေက လာရောက်ကူညီပေးတဲ့ ရဲဘော်တွေနဲ့ NUG အစိုးရကို ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ကြပါတယ်။
Video – Royal Peacock Column-P 29913