အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို သာလွန်အင်အား၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကို အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် – ၁၅ က ထုတ်ပြန်ထားပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ကာလမှာ စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေကို နေ့မနား ညမအိပ် ခုခံကာကွယ်နေတဲ့ ရှေ့တန်းရောက် ရဲဘော်တွေရဲ့ ပုံရိပ်တွေနဲ့အတူ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယထားကာ သွားလာကြဖို့လည်း KNDF တပ်ရင်းအမှတ် – ၁၅ က မေတ္တာရပ်ခံထားပါတယ်။

(ဓာတ်ပုံ KNDF/B-15)

0 Shares:
You May Also Like
Read More

မိုးဗြဲတိုက်ပွဲမှာ နေပြည်တော် ပကဖ ရဲ့ စစ်ကြောင်းမှူးနှင့် ရဲဘော် ၁ ဦး ပြင်းထန်ဒဏ်ရာရ

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့နယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော် (နေပြည်တော် ပကဖ) ရဲ့ တိုက်ခိုက်ရေးအဖွဲ့က စစ်ကြောင်းမှူးနဲ့ ရဲဘော် ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦး-မြင်းခြံလမ်းပေါ်က ပြည်သူ့စစ်များ နေထိုင်သည့်ရွာကို ဝင်ရောက်စီးနင်းရင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်ပြည်သူ့စစ်တွေ နေထိုင်တဲ့ ညောင်ဦး-မြင်းခြံလမ်းပေါ်က ဆင်ဖြူ ကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတွေထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

မုံရွာတွင် သာစည်​ထောင်ကြီးကွင်းနှင့် ရဲစခန်းအား ဗမာ့တပ်တော်နှင့် ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်၊ ရဲ ၃ ဦးသေပြီး အဆောက်အဦးတချို့ ထိခိုက်ပျက်စီး

" တိုက်ပွဲက ၄၅ မိနစ်ကြာပါတယ်။ ၆၀ မမတွေနဲ့ ရန်သူ့ဘန်ကာတွေကို အနီးကပ် ပစ်ခတ်တာ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။ မိမိတို့တော်လှန်ရေးပူးပေါင်းတပ်တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်" လို့ ဗမာ့တပ်တော် (Bamar Army) ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေကြည်မြိ့၊ အမတ ၃၄၄ တပ်ထဲမှာ အရေးပေါ်လေယာဉ်ကွင်း ဆောက်လုပ်နေ…

ရခိုင်ပြည်နယ်၊ အမ်းမြို့က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရက္ခိုင့်တပ်တော် AAက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နေစဥ်ကာလမှာပဲ၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာရှိတဲ့ အမြှောက်တပ် ၃၄၄ တပ်ရင်းထဲမှာ အရေးပေါ်လေယာဉ်ကွင်းငယ်တစ်ခု ဆောက်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
Read More

ဆက်ကြေးကောက်ရန် ထွက်လာသည့် တောပုရွာ ပျူစောထီးများ မိုင်းဆွဲခံရ၊ ၁ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေဖြူမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတွေနဲ့ ခမရ ၄၀၇ တပ်ရင်းကို ဒရုန်းနဲ့ ၂ ရက်တာ ဗုံးကြဲမှု စစ်တပ်ဘက်က ၁၀ ယောက် သေ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို ဒရုန်းနဲ့ ၂ ရက်တာ ဗုံးကြဲတိုက်ခိုက်မှုမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၀ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါနတပ်ရင်း၊ တပ်ခွဲ - ၆ (ဝေဟင်တပ်ဖွဲ့)က သတင်းထုတ်ပြန်ပါတယ်။