မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်နဲ့ မကွေးတိုင်း စလင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ရွာစဥ်လိုက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်ရင်း အရပ်သားတွေကို ပြန်ပေးဆွဲဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေကြောင်း ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်း အောက်တိုဘာလ အစပိုင်းကစလို့ စစ်မှုထမ်းအပတ်စဥ်သစ်အတွက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွား ရှိလာကြောင်း Voice Of Wundwin အဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာလ ၉ရက် မနေ့နက်ပိုင်းကလည်း ပင်းတလဲ-ဝမ်းတွင်းလမ်းပိုင်းတလျှောက် ကျေးရွာတွေမှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေရှိခဲ့ပြီး အိုင်သာ၊ ကျင်းနဲ့ ဖိုရ်ကုန်းရွာက အရပ်သားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညနေပိုင်းမှာလည်း စစ်အုပ်စုက ကား၁စီး၊ ဆိုင်ကယ်၁စီးနဲ့ ဝမ်းတွင်းမြို့မြောက်ဘက် ရေဆုံးကျေးရွာအတွင်း ဝင်ရောက်ပြီး အရက်ဆိုင်ထိုင်နေသူတွေနဲ့ ပရဟိတသမားလူငယ်တွေကို ဝင်ရောက်ပေါ်တာဆွဲရာမှာ စုစုပေါင်း လူငယ် ၁၁ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဝမ်းတွင်းမြို့နယ်ဟာ စစ်အုပ်စုအားကောင်းရာ မိတ္ထီလာခရိုင်ထဲက မြို့နယ်ဖြစ်တာကြောင့် စစ်မှုထမ်းအင်အား အဓိက စုဆောင်းခံရတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်ပြီး စစ်အုပ်စုအနေနဲ့ တပ်သားသစ်စုဆောင်းရာမှာ သမာရိုးကျ မဲနိူက်ရွေးချယ်တာအပြင် သဲတောစျေးနေ့မှာ စောင့်ကြိုဖမ်းဆီးတာနဲ့ ရွာစဥ်လှည့် ပေါ်တာဆွဲဖမ်းဆီးတာတွေပါ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အခြေခံအလုပ်သမား၊ စျေးရောင်းစျေးဝယ်၊ အရက်သမားနဲ့ ကျောင်းသားလူငယ်တွေမချန် စစ်အုပ်စုတွေက ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်လို့မရရင်  စစ်မှုထမ်းအဖြစ် သင်တန်းကျောင်းတွေဆီ ပို့ဆောင်တယ်လို့လည်း Voice Of Wundwin တာဝန်ရှိသူက ပြောပါတယ်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်မှာလည်း အကြမ်းဖက်စစ်တပ်လက်ပါးစေ ပျူစောထီးတွေက ရပ်ရွာတွေထဲ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်ရင်း ပြန်ပေးဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်တာတွေ ရှိနေတယ်လို့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ရက်နေ့ကလည်း စလင်းမြို့နယ် ငွေသောင်ကျေးရွာနေ အရပ်သားလူငယ် ၇ယောက်ကို ပျူစောထီးတွေက ဖမ်းဆီးခဲ့ပြီး ငွေပေးနိုင်သူ ၃ယောက်ကိုသာ ပြန်လွှတ်ပေးကာ ကျန်တဲ့သူတွေကို စလင်းရဲစခန်းထဲ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။

“ကောင်လေး၃ယောက်က ငွေသိန်း ၆၀ကနေ  ၈၀ အထိပေးပြီး ရွေးလို့ ပြန်လွတ်လာတယ်။ ကျန်တဲ့ ၄ယောက်ကတော့ အခုချိန်အထိ စလင်းရဲစခန်းအချုပ်ထဲမှာပါပဲ။” လို့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စလင်းမြို့နယ်အတွင်း ပြီးခဲ့တဲ့ လပိုင်းတွေထဲ ဘာသာစကားသင်တန်းကျောင်းတက်နေတဲ့ လူငယ်တွေနဲ့ အဝေးပြေးကားပြေးဆွဲနေတဲ့ လူငယ်တွေလည်း ပေါ်တာဆွဲဖမ်းဆီးခံရတာမျိုးတွေရှိခဲ့ပြီး စစ်အုပ်စုက ပြန်ပေးငွေကို သိန်း ၈၀ အထိ အများဆုံး တောင်းခံရွေးယူခိုင်းတာမျိုးတွေရှိတယ်လို့ သိရပါတယ်။

“၈ရက်နေ့ကလည်း စလင်းမြို့ပေါ်မှာ ဒီကောင်တွေ(ပျူစောထီးအဖွဲ့) ရပ်ကွက်တွေထဲအထိ ကားနဲ့ လိုက်ပြီးဆွဲတယ်ဗျ။ လူငယ်တွေက မရှိတော့ဘူးလေ။ အဲ့တော့ မရရကောင်းလားဆိုပြီး မြို့ပတ် သေနတ်တွေဖောက်တော့တာပါပဲ။” လို့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နတ်မောက်မြို့မှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရန် ဆက်သွယ်လာသည့် ရဲတပ်သား ၁ ဦး သွားရောက်ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြိုနယ်ရှိ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အမှတ် ၁၁ ရဲတပ်ရင်း (တောင်ငူ) ကနေ ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ (၃) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘို ပကဖ က ကျဆုံး ပကဖ ရဲ​ဘော်များ၏ မိသားစုဝင်များကို ထောက်ပံ့​​ငွေနှင့် ဦးညွှတ်ဂုဏ်ပြုလွှာ ​ပေးအပ်

စစ်ကိုင်းတိုင်း၊ ​ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ကျဆုံးရဲ​ဘော်​တွေအတွက် ထောက်ပံ့​ငွေတွေနဲ့ ဦးညွှတ်ဂုဏ်ပြုလွှာကို ရဲ​ဘော်​တွေရဲ့ မိသားစုဝင်​တွေဆီ ​ပေးအပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်မှုအတွင်း ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Yaw Army – YA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

NUG ဆက်သွယ်ရေး၀န်ကြီးဌာနနဲ့ Federal Wings လမ်းခွဲ

Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ကလေးငယ်တွေအပါ ၁၃ ယောက်ထက်မနည်းသေဆုံးပြီး ၂၃ ယောက်ထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေ ကြဲချခဲ့ရာ ကလေးငယ်တွေအပါ ပြည်သူ ၁၃ ယောက်သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။