ထိုင်းနိုင်ငံ ဘန်ကောက်မြို့ BIMSTEC အစည်းဝေး ကျင်းပမယ့် ရှန်ဂီလာဟိုတယ်အနီးမှာ We Do Not Welcome Murderer Min Aung Hlaing (လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး) စာတမ်းချိတ်ဆွဲပြီး ဆန္ဒပြထားကြောင်း သိရပါတယ်။

ချိတ်ဆွဲဆန္ဒပြထားတဲ့ စာတမ်းကို ၁ နာရီဝန်းကျင်အကြာမှာ လာရောက်ဖယ်ရှားသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတကာအသိုင်းအဝိုင်းကို ခွေးတိုးပေါက်ကနေ ဝင်ဖို့ ကြိုးပမ်းနေတဲ့အတွက် မင်းအောင်လှိုင်ကို ဆန့်ကျင် ရေးလှုပ်ရှားမှုအဖြစ် ဧပြီလ ၄ ရက်မှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အလုပ်မဆင်းတာ ဒါမှမဟုတ် အနက်ရောင်အသုံးအဆောင် ဝတ်ဆင်တာမျိုး လုပ်ဆောင်ပြီး ကန့်ကွက်ဖို့ မြန်မာ့နွေဦးတော်လှန်ရေးလူထုသပိတ်အင်အားစုတွေက တိုက်တွန်းကြေညာချက် ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အပစ်အခတ်ရပ်စဲရေးတွေ ပျက်ပြားလို့ စိတ်ပျက်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးပြော၊ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅) ချက်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရမယ်လို့ ဆို

အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးနေရင်း ဘုံသဘောတူညီချက် (၅) ရပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အသက်သွင်းနိုင်ဖို့ ကြိုးပမ်းသွားရမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် စက်တင်ဘာလ ၂၇ ရက်မှာ ပြောပါတယ်။
Read More

မြန်မာ့ပဋိပက္ခတွင် အပစ်အခတ်ရပ်စဲပြီး စစ်ဒဏ်သင့်ဒေသများတွင် ငြိမ်းချမ်းရေးရရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို

အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အပစ်အခတ်ရပ်စဲသွားပြီး ကမ္ဘာပေါ်က စစ်ဒဏ်သင့်နေရာတွေမှာ ငြိမ်းချမ်းရေးရရှိဖို့ ပုပ်ရဟန်းမင်းကြီးက အောက်တိုဘာလ ၁၉ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း Vatican News မှာ ဖော်ပြထားပါတယ်။
Read More

လိမ်လည်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ စစ်ကောင်စီ၊ တရုတ်နဲ့ ထိုင်းတို့ သဘောတူညီခဲ့ကြဟု ဆို

တရုတ်နိုင်ငံ၊ ကူမင်းမှာ ဇန်နဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း တရုတ်၊ ထိုင်းနဲ့ စစ်ကောင်စီအရာရှိတို့အကြား ဆိုင်ဘာလိမ်လည်လုပ်ငန်းတွေ ပပျောက်ရေး လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံဌာန CCTV က ထုတ်ပြန်ပါတယ်။ 
Read More

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို တခြားနိုင်ငံတွေထက် တရုတ်က ပိုလိုလားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော..

မြန်မာ့အရေးမှာ နိုင်ငံရေး ရင်ကြားစေ့ကြပြီး၊ တည်ငြိမ် တာရှည်ခံမယ့် ငြိမ်းချမ်းရေးကို ရရှိဖို့ ကူညီပေးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့အရေးကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
Read More

နှစ်ကုန်ပိုင်းမဟုတ်ရင် ၂၀၂၆ ခုနှစ်အစမှာ ရွေးကောက်ပွဲ ကျင်းပမည်ဟု မင်းအောင်လှိုင် စီစဥ်နေ…

အာဏာသိမ်း စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်ရဲ့ ဇန်နဝါရီလ ထဲမှာ ရွေကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းမှာ တရုတ်နိုင်ငံသားတွေကို ပြန်ပေးဆွဲမှုအတွက် ထိုင်း ရဲ ၄ ဦးနဲ့ မြန်မာ ၁ ဦးအပါ ၈ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း Ubon Ratchathani ပြည်နယ်၊ Phibun Mangsahan ခရိုင်အတွင်းက တရုတ်နိုင်ငံသား ခုနစ်ဦးကို ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူ ၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်း PBS က ဇန်နဝါရီလ ၂၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။